ပြည်တွင်းရင်းနှီးမြှုပ်နှံမှု၌ ဗီယက်နမ်ကုမ္ပဏီများ အရှိန်အဟုန်မြင့်လာဖွယ်ရှိ

လက်ရှိအချိန်၌မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့်ဗီယက်နမ် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ နည်းပါးသည့် အခြေ အနေသာရှိနေသေးသော်လည်း ယခုနှစ်အတွင်း၌ ဗီယက် နမ်ကုမ္ပဏီများ၏ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အရှိန်အဟုန် မြင့်လာနိုင်သည်ဟု စီးပွားရေးပညာရှင်များက ခန့်မှန်းထားကြောင်း nikei သတင်းဌာနက ဖော်ပြသည်။

လက်ရှိအချိန်တွင် ပြည်တွင်း၌ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားသော ဗီယက်နမ်ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန် ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံခန့်သာ ရှိသေးသော်လည်း ဗီယက်နမ်ကုမ္ပဏီများသည် ယခု နှစ်ဆန်းပိုင်းမှ စတင်ကာ ရင်းနှီးမြှုပ် နှံမှုများတိုးချဲ့ရန် ခြေလှမ်းပြင်နေခြင်းကြောင့် ဗီယက်နမ် ရင်းနှီးမြှုပ်နှံမှု ပမာဏ မြင့်တက်လာဖွယ်ရှိနေ ခြင်းဖြစ်သည်။

ဗီယက်နမ်ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဘဏ်သည် မြန်မာနိုင်ငံအတွင်း ဘဏ်ခွဲဖွင့်လှစ်ခဲ့ပြီးနောက် ဗီယက်နမ် ကုမ္ပဏီများရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ရန် လိုအပ်သောအကူအညီများပေးအပ်ရန် စီစဉ်နေကြောင်း အတည်ပြုထားသည်။
ထို့အပြင် ဗီယက်နမ်အင်အားကြီးဆက်သွယ်ရေးကုမ္ပဏီတစ်ခု ဖြစ်သော Viettel သည်လည်း မြန်မာကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းကာ မိုဘိုင်းလ် ဆက်သွယ်ရေး နှင့်ဆိုင်သည့် ဝန်ဆောင်မှုများ ပေးအပ်သွားမည် ဖြစ်သောကြောင့် ယခုနှစ်ကုန်ပိုင်းတွင် ပြည်တွင်း၌ ဗီယက်နမ်ရင်းနှီးမြှုပ်နှံမှုပမာဏ သိသိသာသာ မြင့်တက် လာမည်ဖြစ်သည်။

viettel သည် မိုဘိုင်းလ်ဆက်သွယ် ရေးဝန်ဆောင်မှုများပေးအပ်မည့် စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံရင်းနှီး မြှုပ်နှံသွားမည်ဖြစ်ကာ လက်ရှိ အချိန်၌ မိုဘိုင်းလ် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည့် အခြားကုမ္ပဏီများနှင့် ပခုံးချင်းယှဉ်နိုင်သည့် အဆင့်မြင့်ဝန်ဆောင်မှုများ ပေးအပ်သွားမည်ဟု အတည်ပြုထားသည်။

ဗီယက်နမ်သည် ပြည်တွင်း၌ ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်ထားသည့် နိုင်ငံများစာရင်းတွင် အဆင့် ၁ဝ နေရာ၌ ရပ်တည်လျက်ရှိသည်။

# Myawady Daily


Leave a Reply