ပြည်ခိုင်ဖြိုးပါတီဝင်များ ပုဂံဒေသ သန့်ရှင်းရေးလုပ်အားပေး ဆောင်ရွက်

ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသော ပုဂံဘုရားများအနက်မှ စေတီ အမှတ် ၄၃၂ တွင် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များမှ သန့်ရှင်းရေး လုပ်အားပေး ဆောင်ရွက်လျှက်ရှိသည်။

14199268_1186199318068277_5617277440920056833_n

ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနများသို့ တရားဝင် ခွင့်ပြုချက် ရယူဆောင်ရွက်ခြင်းဖြစ်ပြီး သန့်ရှင်းရေး လုပ်အားဒါနပြု ဆောင်ရွက်ရာတွင် လည်း တာဝန်ရှိဌာနများ၏ သတ်မှတ်စည်းကမ်းများနှင့်အညီ ဆောင်ရွက် လျက်ရှိကြောင်း၊ ပခုက္ကူ၊ ရေစကြို၊ ဆိပ်ဖြူနှင့် အခြားမြို့နယ် ပြည်ခိုင်ဖြိုး ပါတီဝင်များမှလည်း ပုဂံဒေသ ပြန်လည် ပြုပြင်ရေးလုပ်ငန်းစဉ်အားလုံးတွင် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

Credit – Ko Dee


Leave a Reply