ဝမ်းတွင်းအမြှေးပါးရောင်ခြင်းနှင့် ပတ်သက်၍ သိထားသင့်သော အချက်များ

open-uri20140407-8015-3h0epv

ဝမ်းဗိုက်အတွင်းပိုင်းနံရံတစ်ဝိုက်စိုစွတ်သော တစ်သျှူးသို့ ဗက်တီးရီးယားများကဲ့သို့ ရောဂါပိုးဝင်ပါက ယင်း ၀မ်းတွင်းအမြှေး ရောင်ရမ်းမှုဖြစ်ပေါ်လာပြီး အခြေအနေ ပြင်းထန်ပါက အသက်အန္တရာယ်ရှိနိုင်သည်။ ၀မ်းဗိုက် ပိုင်းရုတ်တရက်ပြင်းထန်စွာ နာကျင်လာပါက ၀မ်းတွင်းအမြှေးရောင်ရမ်းခြင်းဖြစ်ဖွယ်ရှိသဖြင့် ဆရာဝန်နှင့် ချက်ချင်းပြသရန် လိုသည်။

ဝမ်းတွင်းအမြှေးရောင်ပါက ကိုယ်အပူချိန် ၁၀၀ ဒသမ ၄ ကျော်ပြီး အဖျားတက်ခြင်း၊ မူးမော်အော့အန်ခြင်း၊ ၀မ်းလျှောခြင်း၊ အစာစား ချင်စိတ်မရှိခြင်း၊ ဆီးများများ မသွားခြင်း၊ နှလုံးခုန်နှုန်းမြန်ဆန်ခြင်း နှင့် ၀မ်း (သို့မဟုတ်) လေမလည်နိုင်၊ မသွားနိုင်ဖြစ်ခြင်းစသည့် လက္ခဏာများ ဖြစ်ပေါ်နိုင်သည်။

ဝမ်းဗိုက်ပိုင်းဖောရောင်နေခြင်းမှာလည်း ၀မ်းတွင်းအမြှေးရောင်ရမ်းခြင်း လက္ခဏာတစ်ခုဖြစ်နိုင်ပြီး အမြှေးပေါက် သွားပါက အရည်များ ၀မ်းဗိုက်အခန်းထဲသို့၊ အူထဲသို့ ရောက်ရှိလာမည်ဖြစ်သည်။ ယင်းအခြေအနေတွင် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများမှ အရည်များ ဆုံးရှုံးသွားသဖြင့် ဆိုးရွားသော ရေဓာတ်ခန်းခြောက်မှု ဖြစ်ပေါ်လာမည်ဖြစ်သည်။
အသည်းရောဂါကြောင့်လည်း ၀မ်းတွင်းအမြှေးရောင်ရမ်းနိုင်သည်။ ၀မ်းတွင်းအမြှေးရောင်ခြင်းကို စောစောစီးစီး တွေ့ရှိခြင်းမရှိပါက သွေးထဲသို့ ရောဂါပိုးများ ၀င်ရောက်ခြင်း၊ ရောဂါပိုးကြောင့် ပြည်များ ဖြစ်ပေါ်လာခြင်းတို့ကဲ့သို့ ပိုအန္တရာယ်ရှိသော အခြေအနေသို့ ဦးတည်နိုင်သည်။

ဝမ်းတွင်းအမြှေးရောင်ခြင်းသည် ရောဂါပိုးဝင်ခြင်းကြောင့် အများဆုံးဖြစ်လေ့ရှိပြီး အူလမ်းကြောင်းပေါက်ပြဲမှု ကြောင့်လည်း ရောဂါပိုးဝင်ရောက်လာနိုင်သည်။ သရက်ရွက်ရောင်ရမ်းခြင်း၊ အူများ ရောင်ရမ်းခြင်းနှင့် ၀မ်းဗိုက်ပိုင်း ထိခိုက်ဒဏ်ရာရခြင်းတို့ကြောင့်လည်း ၀မ်းတွင်းအမြှေးရောင်ရမ်းနိုင်သည်။ ၀မ်းတွင်းအမြှေး ရောင်ခြင်းကို ကြိုတင်ကာကွယ်၍ မရနိုင်သော်လည်း ဆေးရုံများတွင်သန့်ရှင်းမှုမှာ အရေးကြီးပြီး အလျင်အမြန်ကုသမှု ခံယူခြင်းဖြင့် ကာကွယ်နိုင်သည်။

ဖိုးသူတော် (www.phothutaw.com) Credit : 7Day Daily


Leave a Reply