ထားဝယ်ခရိုင်ပါတီကော်မတီ လုပ်ငန်းညှိနှိုင်းစည်းဝေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကော်မတီ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို သြဂုတ်လ (၃) ရက် မွန်းလွဲ (၁) နာရီက ခရိုင်ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်ပါတီဥက္ကဋ္ဌ ဒေါက်တာဝင်းအောင်၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးစိန်ဝင်း၊ ခရိုင်ပါတီ ကော်မတီဝင်များဖြစ်ကြသော ဒေါ်ခင်မာချို၊ ဦးလှရှိန်၊ ဒေါ်ရီသန်း၊ ဦးကျော်ဝင်း (၃)၊ ဦးညီညီအေး စုစုပေါင်း (၇) ဦးနှင့် ပါတီရုံးဝန်ထမ်း (၄) ဦး တက်ရောက်ခဲ့သည်။

အဆိုပါအစည်းအဝေး၌ ပါတီကော်မတီဝင်များ နယ်မြေတာဝန်ခွဲဝေခြင်း၊ ခရိုင်ပါတီကော်မတီဝင် ဦးအောင်စိန်၏ နှုတ်ထွက်လွှာတင်သွင်းလာမှုနှင့် ပါတီကော်မတီဝင်အသစ် (၁) ဦး ပြန်လည်ရွေးချယ်ရေးတို့အပြင် အထွေထွေ ကိစ္စရပ်များ ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သတင်းရရှိသည်။


Leave a Reply