ပါတီဗဟိုကော်မတီဝင် ဦးဦးလှထွန်း မြောက်ဦးခရိုင်/မြို့နယ်ပါတီ ကော်မတီ ဝင်များ အရန်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ

ပါတီဗဟိုကော်မတီဝင်၊ ရခိုင်ပြည်နယ်ပါတီကော်မတီဝင် ကျောက်တော်/ မြောက်ဦးမြို့နယ်တာဝန်ခံ ဦးဦးလှထွန်း သည် ဒီဇင်ဘာ (၃) ရက်နေ့ မွန်းတည့် ၁၂ နာရီက မြောက်ဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီးရုံး အစည်းအဝေး ခန်းမ၌ မြောက်ဦးခရိုင်/မြို့နယ်ပါတီကော်မတီဝင်များ၊ အရန်ပါတီကော်မတီ ဝင်များ၊ ရုံးအဖွဲ့ဝင်များသည် ရှေ့ဆက်ဆောင်ရွက်ရမည့် ပါတီပိုင်ဆိုင်ရာ လုပ်ငန်းစဉ်များအား တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ပါတီဗဟိုကော်မတီဝင် ပြည်နယ်ပါတီကော်မတီဝင် ဦးလှထွန်းမှ အဖွင့် အမှာ စကားပြောကြားရာတွင် ပါတီရှင်သန်ခိုင်မာရေးအတွက်ရပ်/ကျေးပါတီဝင်များ ပြည်သူလူထုများနှင့် စဉ်ဆက်မပြတ် ထိတွေ့စည်းရုံးရန် ပါတီအောင်နိုင် ရေးထက် ပါတီခိုင်မာရေးအတွက် အလေးထားဆောင်ရွက်ကြရန် ပါတီတွင်း စည်းလုံးညီညွတ်မှုကို အလေးထား ဆောင်ရွက်ရန် ငွေကြေးကိစ္စများ ပွင့်လင်း မြင်သာစွာ ဆွေးနွေးဆုံးဖြတ်သုံးစွဲရန်၊ ရေးရာကဏ္ဍများလစဉ်
ဆောင်ရွက်ရန်နှင့် ပါတီဥက္ကဌကြီး၏ ပါတီမူဝါဒများကို ဆက်လက် အကောင်အထည်ဖေါ်ရန် ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ခရိုင်ပါတီဥက္ကဋ္ဌ ဦးလှသာထွန်းမှ မြေပုံမင်းပြားစည်းရုံးရေး ခရီစဉ်နှင့်မြောက်ဦး၊ မင်းပြား၊ မြေပုံ မြို့နယ် များ၏ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြပြီး မြောက်ဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမောင်လှဝေမှ ငွေကြေးဆိုင်ရာကိစ္စ္တရပ်များ၊ စည်းရုံးရေး ဆိုင်ရာကိစ္စရပ်များ၊ လစ်လပ်မြို့နယ်ကော်မတီဝင်နေရာတွင် အစားထိုးမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် မြောက်ဦးခရိုင်ပါတီကော်မတီဝင် ဦးမောင်သန်းစိန်နှင့် မြို့နယ် ပါတီကော်မတီဝင် ဦးမောင်စောယဉ်တို့မှ ငွေကြေးသုံးစွဲမှု အခြေအနေများကိုလည်းကောင်း မြို့နယ်ပါတီအတွင်းရေးမှူး မြို့နယ်ပါတီကော်မတီဝင် ဦးမောင်ဘသိန်းမှ လယ်ယာကဏ္ဍ ဆုံးရှုံးနေမှုအခြေအနေများကိုလည်းကောင်း ပွင့်လင်းမြင်သာစွာ ဆွေးနွေး ခဲ့ကြသည်။
ဆက်လက်၍ ခရိုင်ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးစံရွှေမောင်မှ မြောက်ဦးခရိုင် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် လက်ရှိ မောင်တော၊ ဘူးသီးတောင် ဖြစ်စဉ်အတွင်း ယင်းမြို့နယ်များရှိ ရခိုင်တိုင်းရင်းသားများ၊ ကာကွယ်ရေးနှင့် စစ်ဆင်ရေး တာဝန်ထမ်းဆောင်နေကြသော တပ်မတော်သားများ၊ နယ်စပ်လုံခြုံရေးကို တာဝန်ယူ ဆောင်ရွက် နေကြသော ရဲတပ်ဖွဲ့ဝင်များအား ဆန်၊ အဝတ်အထည်နှင့် ဆေးဝါးပစ္စည်းများ ကူညီပေးရန်လိုအပ်ကြောင်း ကိစ္စရပ် များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

တင်ပြဆွေးနွေးချက်များအပေါ် ဗဟိုကော်မတီဝင်မှ ဖြည့်စွက်ပေါင်းစပ် ဆွေးနွေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားကာ တွေ့ဆုံပွဲကိုနေ့ လည် ၂ နာရီတွင်အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြသည်။

KyaungKyawhtin


Leave a Reply