မန္တလေးခရိုင် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီအစည်းအဝေးနှင့် ခရိုင်ပါတီကော်မတီ ပြန်လည်ရွေးချယ်ဖွဲ့စည်းေ၈း အခမ်းအနား ကျင်းပပြီးစီး

မန္တလေးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်းအဝေးနှင့် ခရိုင်ပါတီ ပြန်လည်ရွေးချယ်ဖွဲ့စည်းရေး အခမ်းအနားကို တိုင်းဒေသကြီး ပါတီရုံး အစည်းအဝေးခန်းမ၌ ဇူလိုင် (၁၄) ရက် နံနက် (၉) နာရီကကျင်းပပြီးစီးခဲ့သည်။

အစည်းအဝေးသို့ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးရဲမြင့်နှင့် အတူ တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးဝင်းမောင်၊ တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ ခရိုင်ပါတီ အတွင်းရေး မှူးနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ တိုင်းဒေသကြီးပါတီ ပြန်လည်ပြင်ဆင်ရွေးချယ်ရေးကော် မတီဝင်များ၊ ခရိုင်ပါတီပြန်လည် ပြင်ဆင်ရွေးချယ်ရေး ကော်မတီဝင်များ၊ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ အပါအဝင် စုစုပေါင်း အင်အား (၇ဝ) ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင်သဘာပတိ အဖွဲ့မှနေရာယူကာ အစည်းအဝေးကို စတင်ဖွင့်လှစ်ပြီးနောက် သဘာပတိက အဖွင့်အမှာစကားပြောကြားခဲ့ကာ ခရိုင်ပါတီကော်မတီ၏ စည်းရုံးရေး ကဏ္ဍ၊ စီးပွားရေးကဏ္ဍ နှင့် လူမှုယဉ်ကျေးကဏ္ဍ အစီရင်ခံစာများကို သက်ဆိုင်ရာ ခရိုင်ပါတီ ကော်မတီဝင်အသီးသီးက ဖတ် ကြားခဲ့သည်။

ထို့နောက် အစည်းအဝေးကို ဆက်လက်ကျင်းပရာ လက်ရှိခရိုင် ပါတီကော်မတီဝင်များက နုတ် ထွက်ခဲ့ကာ ခရိုင်ပါတီပြန်လည် ပြင်ဆင်ရွေးချယ်ရေးကော်မတီမှ ခရိုင်ပါတီဖွဲ့စည်းရေးဆိုင်ရာလုပ်ငန်း စဉ်များနှင့် လုပ်ထုံးလုပ်နည်းများ ကို ရှင်းလင်းဆွေးနွေးကာ ခရိုင် ပါတီဝင်အသစ်များနှင့် အရန်ခရိုင် ပါတီကော်မတီဝင် အသစ်များ၏ အမည်စာရင်း တင်သွင်းခြင်း၊ အတည်ပြုခြင်း၊ကြေညာခြင်းများကို ဆောင်ရွက်ခဲ့ပြီးနောက် ရွေးချယ် ခံခဲ့ရသည့် ခရိုင်ကော်မတီဝင် ကိုးဦးအနက်မှ ခရိုင်ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ဘဏ္ဍာရေးမှူး များအား ရွေးကောက်တင်မြှောက်ခဲ့ ကာ ရွေးကောက်တင်မြှောက်ခံရ သည့် ခရိုင်ကော်မတီဝင်များနှင့် အရန်ခရိုင်ကော်မတီဝင်များသည် သဘာပတိ၏ရှေ့မှောက်တွင်ကတိ သစ္စာပြုကာ တာဝန်များကိုအသီး သီးပေးအပ်ခဲ့သည်။

ဆက်လက်၍ခရိုင်ပါတီဥက္ကဋ္ဌ သစ် ဦးဘိုသင်းက နှုတ်ခွန်းဆက် စကားပြောကြားခဲ့ကာ တိုင်းဒေသ ကြီးပါတီမျက်နှာစုံညီအစည်းအဝေး သို့တက်ရောက်ခွင့်ရမည့် ကိုယ်စား လှယ်နှစ်ဦးကို ဆက်လက်ရွေး ချယ်အတည်ပြုခဲ့ပြီး သဘာပတိ က နိဂုံးချုပ်စကားပြောကြားခဲ့ကာ အစည်းအဝေးကို ကြွေးကြော်သံ များဖြင့်ဟစ်ကြွေး၍ အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

အစည်းအဝေးပြီးဆုံးချိန်နောက် ပိုင်းတွင် ပါတီဗဟိုအလုပ်အမှု ဆောင်၊တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးရဲမြင့်ကရွေးကောက်တင်မြှောက် ခြင်းခံခဲ့ရသည့် ခရိုင်ပါတီဥက္ကဋ္ဌ ဦးဘိုသင်း၊ ခရိုင်ပါတီအတွင်းရေး မှူး ဦးကျော်ဆန်း၊ ဘဏ္ဍာရေးမှူး ဦးဝင်းမောင်တို့အပါအဝင် ခရိုင် ပါတီဝင်ကိုးဦးနှင့် အရန်ခရိုင်ပါတီ ကော်မတီဝင်ကိုးဦးတို့အား ပြည် ခိုင်ဖြိုးပါတီ ရှေ့ဆက်သွားမည့်လုပ် ငန်းစဉ်များ၊ပါတီဖွဲ့စည်းရေးဆိုင်ရာ ကိစ္စများ အပါအဝင် ပါတီကျစ်လျစ် ခိုင်မာရေး၊ ပြည်သူလူထု အကျိုး ပြုလုပ်ငန်းများဆောင်ရွက်ရေး အစ ရှိသည်တို့ကို မှာကြားခဲ့သည်။

သုတ(မန္တလေး)


Leave a Reply