ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ရာထူးမှ နုတ်ထွက်

ပြန်ကြားရေး ဝန်ကြီးဌာနတွင် အမြဲတမ်း အတွင်းဝန်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သော ဦးတင့်ဆွေမှာ ဇူလိုင်လ (၈) ရက်နေ့တွင် ရာထူးမှ နုတ်ထွက်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီးရုံးထံမှ သိရသည်။


အရပ်သားအစိုးရသစ်လက်ထက်တွင် ပထမဆုံး နုတ်ထွက်ခဲ့သော ဦးတင့်ဆွေမှာ စာပေကင်ပေတိုင်အဖွဲ့ဟု နာမည်ကြီးခဲ့သော စာပေစီစစ်ရေးနှင့် မှတ်ပုံတင်ဌာနတွင် ညွှန်ကြားရေးမှူး၊ မြန်မာ့ရုပ်မြင် သံကြားနှင့် အသံလွှင့် ဦးစီးဌာနတွင် ညွှန်ကြားရေးမှူးချုပ်တာဝန်များကို ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

အမြဲတမ်း အတွင်းဝန်ရာထူးမှ နုတ်ထွက်ခဲ့သော ဦးတင့်ဆွေမှာ ရာထူးမှနုတ်ထွက်ခြင်းနှင့်ပတ်သတ်၍ သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် “တစ်ဆယ့်တစ်နှစ် ကျော်ကာလ တာဝန်ထမ်းဆောင်ခဲ့သော ပြန်ကြားရေးကို နှုတ်ဆက်လိုက်ပါသည်။ ယင်းကာလများအတွင်း ညွှန်ကြားရေးမှူးဘဝမှ ညွှန်ကြားရေးမှူးချုပ်ဘဝတိုင် ကျွန်တော့်ကို ဖေးမအားပေး ကူညီစောင့်ရှောက် ကြည့်ရှုပေးခဲ့ကြသည့် ဆရာသမား၊ လုပ်ဖော်ကိုင်ဖက်နှင့် ဝန်ထမ်းများအားလုံးကို ကျေးဇူးတင်ပါသည်။ ပြန်ကြားရေးအနေနှင့် နာယကဂုဏ် ခြောက်ပါးနှင့် ပြည့်စုံသော ခေါင်းဆောင်ကောင်း ရရှိပါစေကြောင်းနှင့် ခိုင်မာ၍ လက်တွေ့ကျသော မူဝါဒများနှင့်အတူ အောင်မြင်မှုများ ရရှိနိုင်ပါစေကြောင်းလည်း နောက်ဆုံးအားဖြင့် ဆုမွန်ကောင်း တောင်းလိုက်ပါသည်” ဟု ရေးသားခဲ့သည်။

The Voice


Leave a Reply