မိုင်ဂျာယန် အစည်းဝေး အကြိုဆွေးနွေးပွဲ ချင်းမိုင်တွင် ပြုလုပ်နေ

ကချင်ပြည်နယ် မိုင်ဂျာယန်တွင် ပြုလုပ်မည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင် များ မျက်နှာစုံညီ အစည်းအဝေးအတွက် အကြိုဆွေးနွေးပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ယနေ့ ( ဇူလိုင်လ ၈ ရက်) နံနက် (၉)  နာရီက စတင်ကျင်းပလျှက်ရှိကြောင်း သိရသည်။

MiJar Yan

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် အဖွဲ့ (၈) ဖွဲ့မှ KNU မှ ပဒိုကွယ်ထူးဝင်း၊ RCSS/SSA မှ ဗိုလ်ချုပ်ဘောင်ခေး၊ ABSDF မှ ရဲဘော်ဆန်နီ ပါဝင်သော ကိုယ်စားလှယ်များနှင့် NCA လက်မှတ်မထိုးသေးသည့် အဖွဲ့အစည်းတွင် KIO မှ ဗိုလ်ချုပ်ဂွမ်မော်၊ KNPP မှ ခူးဦးရယ်၊ SSPP မှ ဗိုလ်ချုပ်စေထင်တို့ အပါအဝင် ကိုယ်စားလှယ် (၂၅) ဦးကျော် တက်ရောက်ဆွေးနွေးနေခြင်းဖြစ်ကြောင်း သိရသည်။

Mizzimz


Leave a Reply