ဒဂုံမြို့သစ်(အရှေ့ပိုင်း)တွင် အလင်းရောင်ဖောင်ဒေးရှင်းနှင့် ကိုရီးယားသမ္မတ နိုင်ငံမှ ဆရာဝန်ကြီးများ ပူးပေါင်း၍ ဆေးကုသမှုများဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီးရန်ကုန် (အရှေ့ပိုင်း)ခရိုင် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ပြည်သူ့အကျိုးပြု ဆောင်ရွက်ချက်များအား အစဉ်တစိုက်ပြုလုပ်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင်ရန်ကုန်တိုင်းဒေသကြီးပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ စီစဉ်မှုဖြင့် အလင်းရောင်ဖောင်ဒေးရှင်းနှင့် ကိုရီးယားသမ္မတ နိုင်ငံမှ အထွေထွေရောဂါအထူးကု ဆရာဝန်ကြီးများ ပူးပေါင်းညှိနှိုင်းမှုဖြင့် ကိုရီးယားသမ္မတနိုင်ငံ Kosin University Gosp Hospital ဆရာဝန်ကြီး Lee Tae Hwa (Specialist of Obstetrics and Gynecology) ဦးဆောင်သော ဆရာဝန်အဖွဲ့သည် ယခုလ ၅ ရက် နံနက် (၉) နာရီတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်အတွင်းရှိ ဒေသခံမိဘပြည်သူများအတွက် ကျန်းမာရေးပြုစုစောင့် ရှောက်မှုလုပ်ငန်းများအား အခမဲ့ဆောင်ရွက်ပေးခဲ့ကြသည်။

ကျန်းမာရေးပြုစုစောင့်ရှောက်မှုဆောင်ရွက်မှုအား မြို့နယ်ပါတီရုံးအတွင်းရှိ ‘ဖြိုးစေတနာအခမဲ့’ ဆေးခန်းတွင် အခြေပြု၍ အထွေထွေရောဂါလူနာဌာန၊ ကလေးဌာန နှင့် OG ဌာနသုံးခုခွဲ၍ ကိုရီးယား သမ္မတနိုင်ငံမှ ဆရာဝန်ကြီးများ နှင့် သူနာပြုများမှ ကျန်းမာရေးဆိုင်ရာ စစ်ဆေးကုသခြင်းများကို ဆောင် ရွက်ပေးကြသည်။

ကျန်းမာရေးပြုစုစောင့်ရှောက်မှုဆောင်ရွက်ရာသို့ (အရှေ့ပိုင်း)ခရိုင် ခရိုင်ပါတီ ကော်မတီဝင် ဒေါ်အေးအေးမြင့်၊ ပထမအကြိမ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်သူ၊ ပထမအကြိမ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးခင်မောင်ထူး၊ ဒဂုံ(အရှေ့) စက်မှုမြို့ စက်မှုဇုန်ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးနေဝင်းဆွေ၊ မြို့နယ်ပါတီကော်မတီဥက္ကဋ္ဌ ဦးမြင့်ခိုင်နှင့် မြို့နယ် ကော်မတီဝင်များ၊ ရပ်ကွက်နှင့် ကျေးရွာများမှ အဖွဲ့ခေါင်းဆောင်နှင့် ကော်မတီဝင်များမှ လိုအပ်သည်များ ဝိုင်းဝန်းကူညီ ပံ့ပိုးဆောင်ရွက်ကြသည်။

ယခုပြုလုပ်သည့် ကျန်းမာရေး ပြုစုစောင့်ရှောက်မှု ဆောင်ရွက်ရာသို့ အထွေထွေရောဂါ၊ ကလေးနှင့် OG လူနာ ၂၅ဝ လာရောက်ပြသ ကုသမှုခံယူ ကြပြီး လူနာများအား မြို့နယ်ပါတီကော်မတီမှ ကြက်ဥ နှစ်လုံးနှင့် ခေါက်ဆွဲ ခြောက်တစ်ထုပ်ပါသော အာဟာရများအား လူနာတစ်ဦးချင်းစီသို့ ထောက်ပံ့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

The Union Daily


Leave a Reply