ကမ္ဘာ့အမြန်ဆုံး အားသွင်းနှုန်းပါတဲ့ realme GT Neo 5 ကို ကြေညာပြီ

တရုတ်မှာ realme GT Neo 5 ကို ကြေညာလိုက်ပြီး ကမ္ဘာ့အမြန်ဆုံး အားသွင်းနှုန်း ပါလာပါတယ်။ အနောက်ဘက်မှာ အထဲကို ဖောက်ထွင်းမြင်ရတဲ့ Window ၁ ခု ထည့်သွင်းထားပြီး ကင်မရာတွေရဲ့ ညာဘက်မှာ LED Lighting ပါလာပါတယ်။ ဖောက်ထွင်းမြင်ရတဲ့ Window ကနေ စွမ်းရည်မြင့် Chipset ကို ကြည့်နိုင်ပြီး LED Lighting ဟာ အရောင် ၂၅ မျိုး ပြသနိုင်ပါတယ်။

၆.၇၄ လက်မ OLED 2772x1240p မျက်နှာပြင် တပ်ဆင်ထားပြီး 144Hz Refresh Rate ထောက်ပံ့ထားပါတယ်။ Snapdragon 8 Gen 1 မောင်းနှင်ထားပြီး နောက်ဆုံးထုတ် Chip မဟုတ်ပေမယ့် စွမ်းရည်မြင့်မားပါတယ်။

ဘက်ထရီနဲ့ အားသွင်းနှုန်း မတူတဲ့ မော်ဒယ် ၂ မျိုး ထုတ်လုပ်ထားပါတယ်။ 150W Version မှာ 5,000mAh ဘက်ထရီ တပ်ဆင်ထားပြီး ကမ္ဘာ့အမြန်ဆုံး 240W Version မှာ 4,600mAh ဘက်ထရီ ပါပါတယ်။ 240W Charging က ၈၀ စက္ကန့်အတွင်း ၂၀ ရာခိုင်နှုန်း၊ ၄ မိနစ်အတွင်း ၅၀ ရာခိုင်နှုန်းနဲ့ ၁၀ မိနစ်အတွင်း ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။

အနောက်ဘက်မှာ 50MP Main (OIS), 8MP Ultrawide Angle , 2MP Macro ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 16MP ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။ အနက်၊ အဖြူနဲ့ ခရမ်းရောင် ထုတ်လုပ်ထားပြီး ဈေးနှုန်းတွေကို အောက်မှာ လေ့လာပါ။

Realme GT Neo 5 150W

  • 8GB + 256GB – 2,499 Yuan (roughly $368)
  • 12GB + 256GB – 2,699 Yuan (roughly $398)
  • 16GB + 256GB – 2,899 Yuan (roughly $427)

Realme GT Neo 5 240W

  • 16GB + 256GB – 3,199 Yuan (roughly $470)
  • 16GB + 1TB – 3,499 Yuan (roughly $515)

တရုတ်မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ဒီလ ၁၅ ရက်နေ့ ရောင်းမှာပါ။

Ref : gizmochina