Facebook က Wi-Fi Finder ကို စမ်းသပ်လျက်ရှိ

Facebook သည် အနီးအနား ပတ်ဝန်းကျင်ရှိ Wi-Fi ရှိရာကို တိုက်ရိုက်ညွှန်ပြပေးမည့် feature ကို စမ်းသပ်လျက် ရှိကြောင်းသိရသည်။

85843545

အဆိုပါ Wi-Fi finder သည် သုံးစွဲသူတချို့၏ menu မှတစ်ဆင့် Facebook app တွင် ပါဝင်လာသည်။ ၎င်း feature သည် “Nearby Places” နှင့် “Device Requests” ကဲ့သို့ option များကို အခြေခံ၍ အခြားတည်နေရာ ကိုလည်း မြင်တွေ့ရသည်။ ထို option မှာ “Enable Wi-Fi” အမည်ဖြင့် သုံးစွဲသူတချို့ထံတွင် ပါဝင်လာသည်။

Facebook သည် သုံးစွဲသူထုတ်ကုန်မှတစ်ဆင့် တည်နေရာကိုလက်ခံကာ history တစ်ခုတည်ဆောက်၍ ထောက်ပံ့ထားသည်။ ခြေရာခံထားသော အချက်အလက်များကို သုံးစွဲသူ၏ activity log မှတစ်ဆင့် ဖျက်နိုင် ကြောင်း သိရသည်။

အဆိုပါ feature ကို အသုံးပြုလိုက်သည်နှင့် Wi-Fi ရှိသော အနီးအနား တည်နေရာမြေပုံကို ဖော်ပြပေးမည် ဖြစ်သလို hot spot များတည်နေရာ လမ်းညွှန်များနှင့် အသေးစိတ် အချက်အလက်ကိုလည်း ဖော်ပြပေးမည်။ ထို့ကြောင့် သုံးစွဲသူများအနေဖြင့် အားပြန်သွင်းရန် နေရာကို အလွယ်တကူ ရှာဖွေနိုင်မည်ဖြစ်သလို data သုံးစွဲမှု လည်း အနည်းငယ် သက်သာမည်ဖြစ်သည်။

Wi-Fi ရှာဖွေသည့် feature ကို သုံးစွဲသူ အနည်းငယ်တွင်သာ စမ်းသပ်လျက်ရှိသည်။ သုံးစွဲအများစုအနေဖြင့် ရရှိ ဦးမည် မဟုတ်သေးကြောင်း သိရသည်။

Ref: IBT


Leave a Reply