တံတားဦးမြို့နယ်ပြည်ခိုင်ဖြိုး တိုင်းဒေသကြီး/ခရိုင်/မြို့နယ်/ရပ်/ ကျေးပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

(၂၂-၁၁-၂၀၂၂)ရက်နေ့ နံနက် (၁၀)နာရီအချိန်တွင် တံတားဦးမြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး၌ တိုင်းဒေသကြီး /ခရိုင်/မြို့နယ်/ရပ်/ ကျေးပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးအား နိူင်ငံတော်အလံအလေးပြုကာ နိူင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ခဲ့ပြီး ပါတီဗဟိုအလုပ် အမှုဆောင်၊ မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးနှင့် တိုင်းဒေသကြီးပါတီဘဏ္ဍာရေးမှုး ဒေါ်သိင်္ဂီအောင် တို့မှ လာမည့်ရွေးကောက်ပွဲတွင် ကျင့်သုံးမည့် PR စံနစ်အကြောင်းနှင့်ပါတီဗဟိုဌာနချုပ်၏ လမ်းညွှန်ချက်ဖြစ်သော ပထမ(၃)လပတ်၊ရက်(၉၀)စီမံချက်ပါ လုပ်ငန်းစဉ်များအကောင်အထည်ဖော်ဆောင်ရွက်ရေး၊ ပါတီဝင်အင်အား စိစစ်ရေး၊ပါတီဝင်အသစ်နှင့်ပါတီဝန်းရံအင်အားတိုးချဲ့စည်းရုံးရေး၊လူငယ်/အမျိုးသမီးကဏ္ဍစကားဝိုင်းဆွေးနွေးပွဲများ စဉ်ဆက်မပြတ်ကျင်းပသွားရေး ၊ပါတီဝင်များအနေဖြင့် ပြည်သူလူထုနှင့်ထိတွေ့ဆက်ဆံရာတွင် အသွင်သစ်ဖြင့် ထိတွေ့ဆက်ဆံရေးလုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာသူများမှ လုပ်ငန်းဆောင်ရွက် ထားမှုအခြေအနေများကို ပြန်လည်တင်ပြခဲ့ပြီး နေ့လည် ၁၂ နာရီအချိန်တွင်အစည်းအဝေးပြီးစီးခဲ့ပါသည်။ ယနေ့ ကျင်းပပြုလုပ်သည့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပါတီဗဟိုအလုပ်အမှုဆောင်၊ မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊တိုင်းဒေသကြီးပါတီဘဏ္ဍာရေးမှုး ဒေါ်သိင်္ဂီအောင်၊တံတားဦးခရိုင်/မြို့နယ်ဥက္ကဌ ဦးဝင်းမင်းထွန်း၊တံတားဦးမြို့နယ်အတွင်းရေးမှုးဒေါ်ခင်ပန်းအိဆွေနှင့်ကော်မတီဝင်များ၊ရပ်/ ကျေးပါတီဥက္ကဌများ တက်ရောက် ခဲ့ကြောင်းသိရှိရသည်။