အသင်း၏ပရီးမီးယားလိဂ်သမိုင်းတွင် လူစားဝင်ပြီး ဟက်ထရစ်သွင်းယူနိုင်သည့် ပထမဆုံးကစားသမားဖြစ်လာတဲ့ ဆွန်ဟောင်မင်

စပါးတိုက်စစ်ကစားသမား ဆွန်ဟောင်မင်သည် အသင်း၏ပရီးမီးယားလိဂ်သမိုင်းတွင် လူစားဝင်ပြီး ဟက်ထရစ် သွင်းယူနိုင်သည့် ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

၂၀၁၅ စက်တင်ဘာလက အဲဗာတန်ကစားသမား နေးစမစ် ချယ်လ်ဆီးနှင့်ပွဲတွင် ဟက်ထရစ်သွင်းခဲ့ပြီးနောက် ပရီးမီးယားလိဂ်တွင် လူစားဝင်ပြီး ပထမဆုံး ဟက်ထရစ်သွင်းသူ ဖြစ်လာခဲ့သည်။

ဆွန်ဟောင်မင်သည် ယခုရာသီ ပရီးမီးယားလိဂ်တွင် ဂိုးကန်သွင်းမှု ၂၁ ကြိမ် ရှိခဲ့ပြီး ယခုပွဲတွင်မှ ပထမဆုံး ဂိုးသွင်းကာ ဟက်ထရစ်ရခဲ့ခြင်းဖြစ်သည်။

ဆွန်ဟောင်မင်၏ဟက်ထရစ်သည် စပါးအတွက် ပရီးမီးယားလိဂ်တွင် လက်စတာဘက်သို့ စတုတ္ထအကြိမ်မြောက် ဟက်ထရစ်ဖြစ်ခဲ့ပြီး အသင်းအနေဖြင့် ပြိုင်ဘက်အသင်းတစ်သင်းသို့ ဟက်ထရစ် အများဆုံး သွင်းယူထားခြင်း ဖြစ်သည်။  Source: Opta