ကားလို့စ်အယ်လ်ကာ ရက်ဇ် က ယူအက်စ် အိုးပင်းမှာ ဗိုလ်စွဲ

ယူအက်စ်အိုးပင်း ဂရင်းစလင်းတင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်းဗိုလ်လုပွဲတွင် စပိန်ဆယ် ကျော်သက် တင်းနစ်သမား ကားလို့စ်အယ်လ်ကာ ရက်ဇ်က နော်ဝေနိုင်ငံသား ကက်စပါရုဒ်ကို ၆-၄၊ ၂-၆၊ ၇-၆(၇-၁)၊ ၆-၃ ဖြင့် အနိုင်ကစားပြီး ဗိုလ်စွဲခဲ့သည်။

အသက် ၁၉ နှစ်သာရှိသေးသူ အယ်လ်ကာရက်ဇ် အနေဖြင့် ပထမဆုံး ဂရင်းစလင်းချန်ပီယံဆုနှင့် အတူ အမြင့်ဆုံး ကမ္ဘာ့အဆင့်ရပ်တည်မှုအဖြစ် အဆင့် ၁ နေရာသို့ တက်လှမ်းနိုင်ခဲ့ပြီး ရုဒ်က အဆင့် ၂ သို့ ရောက်ရှိခဲ့သည်။ -Ref:BBC