Xiaomi က ၁၂.၄ လက်မ Pad 5 Pro ကို ကြေညာ

Xiaomi က တက်ဘလက် အသစ် ၁ လုံးကို ကြေညာလိုက်ပြီး ၁၁ လက်မ Pad 5 Pro ရဲ့ အရွယ်ကြီး မော်ဒယ် ဖြစ်ပါတယ်။ တက်ဘလက် အသစ်မှာ ၁၂.၄ လက်မ 2560x1600p မျက်နှာပြင် တပ်ဆင်ထားပြီး 120Hz Refresh Rate , 120Hz Touch Sampling Rate ထောက်ပံ့ထားပါတယ်။ Dolby Vision နဲ့ HDR10 ပါလာပြီး အမြင့်ဆုံး Brightness က 500 nits ဖြစ်ပါတယ်။ပိုကြီးတဲ့ 10,000mAh ဘက်ထရီ တပ်ဆင်ထားပြီး ၂ ရက်ကျော် အသုံးခံပါတယ်။ 67W Fast Charging က ၃၆ မိနစ်အတွင်း ၆၀ ရာခိုင်နှုန်းနဲ့ ၆၈ မိနစ်အတွင်း ၁၀၀ ရာခိုင်နှုန်း အားသွင်းနိုင်ပါတယ်။ ကင်မရာ Bump မပါရင် အထူက ၆.၆၆ မီလီမီတာ ရှိပါတယ်။

Snapdragon 870 Chipset မောင်းနှင်ထားပြီး အရှေ့ဘက်မှာ 20MP ကင်မရာ ၁ လုံးနဲ့ အနောက်ဘက်မှာ 50MP , 2MP Depth ကင်မရာ ၂ လုံး တပ်ဆင်ထားပါတယ်။ Android 12 အခြေပြု MIUI 13 မောင်းနှင်ထားပြီး ကီးဘုတ်နဲ့ တွဲဖက် သုံးနိုင်ပါတယ်။ ဒစ်ဂျစ်တယ် ဘောပင် ထုတ်လုပ်ပေးထားပြီး ဖိအားအာရုံခံ Level က ၄,၀၉၆ ဖြစ်ပါတယ်။ တက်ဘလက်ကို သံလိုက်နဲ့ တက်ဘလက်မှာ ကပ်ထားနိုင်ပြီး အားသွင်းနိုင်ပါတယ်။Xiaomi Pad 5 Pro 12.4” ရဲ့ 6/128GB ကို ၃,၀၀၀ ယွမ်၊ 8/256GB ကို ၃,၅၀၀ ယွမ်နဲ့ 12/512GB ကို ၄,၂၀၀ ယွမ် သတ်မှတ်ထားပြီး တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ ၉၃၀,၀၀၀ ဝန်းကျင် ရှိပါတယ်။ ကီးဘုတ်ကို ၄၇၀ ယွမ်နဲ့ ဘောပင်ကို ၃၅၀ ယွမ် သတ်မှတ်ထားပါတယ်။

Ref : gsmarena