Meizu 16X ကို စက်တင်ဘာ ၁၉ ရက်တွင် ပွဲထုတ်မိတ်ဆက်မည်

Meizu 16 နဲ့ Meizu 16 Plus ကို လွန်ခဲ့တဲ့ တစ်လကျော်က မိတ်ဆက်ခဲ့ပြီးတဲ့နောက် တတိယမြောက်ဖုန်းဖြစ်တဲ့ Meizu 16X ကို စက်တင်ဘာ ၁၉ ရက် ဘေကျင်းမှာ မိတ်ဆက်ကြေညာ သွားမယ်လို့ သိရပါတယ်။

စိတ်ဝင်စားစရာက အဲဒီနေ့က ပြိုင်ဘက် Xiaomi ရဲ့ Mi 8X ကို မိတ်ဆက်ကြေညာမယ့်နေ့နဲ့ တိုက်ဆိုင်နေတာ ဖြစ်ပါတယ်။

Meizu 16X ဟာ TENAA ကနေ specs တွေနဲ့အတူ ထွက်ပေါ်ခဲ့ပြီး ဖြစ်ပါတယ်။ အဲ့ဒီ စမတ်ဖုန်းသစ်မှာ Snapdragon 710 chipset နဲ့ 6GB RAM ပါဝင်လာမှာ ဖြစ်ပါတယ်။ Storage က 64GB ဖြစ်ပေမယ့် ကုမ္ပဏီ အနေနဲ့ microSD slot ကို ချန်လှပ်ဖို့ ဆုံးဖြတ်ထားပါတယ်။ Screen က 18:9 ratio နဲ့ Full HD+ resolution ဖြစ်ပါတယ်။

ကျောဘက်မှာ dual camera စနစ်ပါဝင်ပြီး ပင်မကင်မရာက 20MP ဖြစ်ပါတယ်။ ဒုတိယကင်မရာက 12MP ဖြစ်ပါတယ်။ Selfie ကင်မရာကလည်း 20MP ဖြစ်ပါတယ်။ Android Oreo အခြေခံ နောက်ဆုံးပေါ် Flyme ကို အသုံးပြုထားပါတယ်။ ဈေးနှုန်းနဲ့ ရောင်းချမယ့်အချိန်ကတော့ ဖုန်းကို မိတ်ဆက်မယ့်နေ့မှသာ သိရှိရမှာ ဖြစ်ပါတယ်။

Ref: GSMArena