မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုး မျက်နှာစုံညီစည်းဝေး

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးကို ဇွန်လ (၂၅) ရက် နံနက် (၉) နာရီအချိန်က မြို့နယ်ပါတီရုံး အစည်အဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်ပါတီအတွင်းရေးမှူး ဦးစိန်မြင့်မှ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပါတီကော် မတီဝင်များက မြို့နယ်ပါတီကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာများ ဖတ်ကြားတင်ပြခြင်းနှင့် ဆွေးနွေးခြင်းများ ဆောင်ရွက်ကာ မြို့နယ်ပါတီကော်မတီဝင်ဟောင်းများ နှုတ်ထွက်ခဲ့ကြပြီး အစီအစဉ် ပထမပိုင်းကို ခေတ္တရပ်နားခဲ့သည်။

အခမ်းအနားအစီအစဉ် ဒုတိယပိုင်းတွင် ရွေးချယ်တင်မြှောက်ပွဲအား ကျင်းပရာ မြို့နယ်ကော်မတီဝင် (၁၅) ဦးနှင့် မြို့နယ်အရံကော်မတီဝင် (၁၅) ဦးအား ရွေးချယ်ခဲ့ကြပြီး ဥက္ကဋ္ဌအဖြစ် ဦးခင်မောင်မြင့် အတွင်းရေးမှူး အဖြစ် ဦးဝင်းကြိုင်၊ ဘဏ္ဍာရေးမှူးအဖြစ် ဦးသန်းထိုက်တို့အား ထပ်မံရွေးချယ် တင်မြှောက်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ဗဟိုကော်မတီဝင် ရန်ကုန်တိုင်းဒေသကြီး ပါတီ အတွင်းရေးမှူး ဦးသာဝင်း၊ ဗဟိုကော်မတီဝင် ဦးတင်အောင်၊ ခရိုင်ပါတီ အတွင်းရေးမှူး ဦးစိန်မြင့်နှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးတင်မောင်မြင့်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေး ပါတီဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ စုစုပေါင်း အင်အား (၂၀၀) ခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ဦးမြင့်ဦး


Leave a Reply