MoU မြန်မာလုပ်သား ၅၁ ဦး ထိုင်းနိုင်ငံသို့ ထပ်မံထွက်ခွာ

ထိုင်းနိုင်ငံသို့ ပွင့်ဖူးအောင်အေဂျင်စီက တာဝန်ယူစေလွှတ်ပေးသည့် MoUမြန်မာလုပ်သား ၅၁ ဦး ဇူလိုင် ၃ ရက်တွင် ထိုင်းနိုင်ငံသို့ ထပ်မံရောက်ရှိခဲ့ကြောင်း သိရသည်။ ထိုင်း-မြန်မာ နှစ်နိုင်ငံသဘောတူစာချုပ် MoU စနစ်ဖြင့် ပြည်ပအလုပ်အကိုင်အကျိုးဆောင် ပွင့်ဖူးအောင်အေဂျင်စီက စေလွှတ်သည့် လုပ်သား ၅၁ ဦးသည် ဇူလိုင် ၃ ရက် နံနက်ပိုင်းက ရန်ကုန်လေဆိပ်မှ ထိုင်းနိုင်ငံသို့ ထွက်ခွာခဲ့ခြင်းဖြစ်သည်။

အဆိုပါ လုပ်သား ၅၁ ဦးကို ရန်ကုန်လေဆိပ်မှတစ်ဆင့် ကော့သောင်း လေဆိပ်သို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး ကော့သောင်းမြို့မှတစ်ဆင့် ထိုင်းနိုင်ငံ ရနောင်းမြို့သို့ ရေလမ်းခရီးဖြင့် ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။

ပြည်ပအလုပ်အကိုင် အကျိုးဆောင်ပွင့်ဖူးအောင်အေဂျင်စီက တာဝန်ယူစေလွှတ်ပေးသည့် လုပ်သား၅၁ ဦးသည် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ စားသောက်ဆိုင်သို့ သွားရောက်လုပ်ကိုင်ရမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် ပွင့်ဖူးအောင်အေဂျင်စီက တာဝန်ယူစေလွှတ်ပေးခဲ့သည့် လုပ်သားပေါင်း ၉၀၅ ဦး အထိရှိပြီး ပွင့်ဖူးအောင် အေဂျင်စီနှင့် စာချုပ်ချုပ်ဆိုထားသူလုပ်သားပေါင်း ၁၈၀၀ ကျော်ရှိရာ ရက်ပိုင်းအတွင်း လုပ်သားများ ထပ်မံစေလွှတ်ရန် ရှိသေးကြောင်း အဆိုပါအေဂျင်စီမှ သိရသည်။

 

  source:sdtimedaily