ဒူတာတေး၏သမီး ဆာရာဒူတာတေး ဖိလစ်ပိုင် ဒုသမ္မတအဖြစ်ကျမ်းသစ္စာကျိမ်ဆို

မနီလာ၊ဇွန် ၁၉

ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေး၏သမီးဖြစ်သူ ဆာရာဒူတာတေးကာပီရိုသည်နိုင်ငံ၏ ၁၅ ဦးမြောက် ဒုတိယသမ္မတအဖြစ် ဇွန်လ ၁၉ ရက်က ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး သဘောထားကွဲလွဲမှုများရှိခဲ့သော ရွေးကောက်ပွဲ မဲဆွယ်မှုများအပြီး အမျိုးသားပြန်လည်စည်းလုံးညီညွတ်မှုရရှိရန်တောင်းဆိုခဲ့သည်။

“ရှေ့ဆက်ရမဲ့ခရီးမှာ စိန်ခေါ်မှုတွေပြည့်နှက်နေမှာမို့ နိုင်ငံသား‌ချင်းစည်းလုံးဖို့လိုအပ်ပါတယ်” ဟုသူမရဲ့ဇာတိမြို့ Davao ၌မိဘများနဲ့အတူ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားတွင်ပြောကြားခဲ့သည်။

အသက် ၄၄ နှစ်အရွယ်ရှိ ဒူတာတေးကာပီယိုသည် မေလ ၉ ရက် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီး ဇွန်လ၃၀ရက်တွင် နိုင်ငံ၏ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုမည့် ဂျူနီယာဖာဒီနန်မားကို့စ်နှင့်အတူ တွဲကာ ​ရွေး​ကောက်ပွဲဝင်ခဲ့ပြီး ​ထိုစဥ်က အမျိုးသမီး ဒုသမ္မတ ​ရော်ဘရီဒို နှင့်အပြိုင် မဲဆွယ်ခဲ့ကြသည်။

၎င်းတို့နှစ်ဦးစလုံးသည် ဆယ်စုနှစ်များအတွင်း မမြင်ခဲ့ဖူးသော အနိုင်မျိုးဖြင့် အပြတ်အသတ်အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့နှစ်ဦး၏ မဟာမိတ်များကိုပါ ဒေသန္တရနှင့်အစိုးရရာထူးများ​ပေးခြင်းဖြင့်စည်းလုံးညီညွတ်​အောင်လုပ်​ဆောင်ခဲ့သည်။

သူမသည်အစောပိုင်းတွင် ဆရာဝန်တစ်ဦးဖြစ်ချင်ခဲ့သော်လည်း နောက်ပိုင်းတွင်နိုင်ငံရေးလမ်းကြောင်း‌ပေါ် ဆက်လက် လျှောက်လှမ်းခဲ့ပြီး ၂၀၁၀ တွင် သူမဖခင်၏အ‌မွေကို ဆက်ခံကာ Davao ၏ ပထမဆုံး အမျိုးသမီးမြို့တော်ဝန်ဖြစ်လာခဲ့သည်။

“ပြည်သူ့အသံကိုနားထောင်ပြီး ပြည်သူဘာလိုအပ်တယ်ဆိုတာ ဖြည့်ဆည်းပေးချင်တဲ့ဆန္ဒနဲ့သာ တာဝန် ထမ်းဆောင်ပေးမယ်ဆိုရင် ကျွန်မတို့တိုင်းပြည်ဟာ အနာဂတ်မျှော်လင့်ချက်၊ လုံခြုံမူ၊ အားသာချက်များမူ၊ တည်ငြိမ်မှုနှင့်တိုးတက်မှုတွေဆီကို ဦးတည်သွားလိမ့်မယ်လို့ ကျွန်မယုံကြည်ပါတယ်” ဟု မားကိုစ့်အစိုးရ၏ ပညာရေးအတွင်းဝန်အဖြစ်လည်း တာဝန်ထမ်းဆောင်မည့် ဒူတာတေးကာပီရိုကဆိုခဲ့သည်။

Source – Reuters/gr