ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူးဦးပိုက်ထွေးနှင့် မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် မြို့နယ်ကော်မတီဝင်များနှင့်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးသည် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ကော်မတီဝင်များ အရံပါတီကော်မတီဝင်များနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးမှ လမ်းညွှန်အမှာစကားပြောကြားခဲ့ပြီး ပါတီ၏ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ နိုင်ငံအတွင်းဖြစ်ပေါ်နေသော လတ်တလောအခြေအနေများနှင့်ပတ်သက်ပြီး အားပေးစကားများပြောကြားကာ မြို့နယ်ကော်မတီဝင်များမှ လက်ရှိကြုံတွေ့နေရသောအခြေအနေများအား ပြန်လည်တင်ပြခဲ့မှုများအား ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။