ပါတီဗဟိုအလုပ်အမှုဆောင် ဦးလှသိန်းဆွေ ကျောက်တန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီက ဝင်ငွေနည်း အနှေးယာဉ် လုပ်သားများသို့ ဆန်လှူဒါန်းပွဲ တက်ရောက်

 

ရန်ကုန် သြဂုတ်လ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်းဆွေသည် ကျောက်တန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီက ယမန်နေ့ နံနက် ၈ နာရီတွင် မြို့နယ်ပါတီရုံး၌ ကျင်းပသော ဝင်ငွေနည်းအနှေးယာဉ်လုပ်သား ၁၂၈ ဦးအား ဆန်လှူဒါန်းပွဲသို့ တက်ရောက်ခဲ့သည်။

အဆိုပါ လှူဒါန်းပွဲတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်းဆွေ၊ ပါတီဗဟိုကော်မတီဝင် တိုင်းဘဏ္ဍာရေးမှူး ဒေါ်အေးမင်းမိုး၊ ခရိုင်ပါတီကော်မတီဝင် ဦးနိုင်ဝင်း၊ ဒေါ်ချိုချိုအေး၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမျိုးမြင့်နှင့် ပါတီကော်မတီဝင်များ၊ အနှေးယာဉ်လုပ်သားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထက်မြက်အောင်