ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးခင်ရီ (၂၆)ကြိမ်မြောက်၊ အပြည်ပြည်ဆိုင်ရာ အာရှနိုင်ငံရေး ပါတီများ ကွန်ဖရင့်တက်ရောက်ပြီး အင်ဒိုနီးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးခင်ရီနှင့် ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း တို့သည် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ၂ဝ၁၆ခုနှစ် ဧပြီလ(၂၂)ရက်နေ့မှ (၂၄)ရက်နေ့ အထိ ကျင်းပပြုလုပ်သည့် (၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အာရှနိုင်ငံရေးပါတီများကွန်ဖရင့် အမြဲတမ်းကော်မတီ ( ICAPP Standing Committee)နှင့် ပထမအကြိမ် ICAPP COPPAL နှင့် CAPP အဖွဲ့အစည်းများ၏ (၃)ပွင့်ဆိုင် အစည်းအဝေးအခမ်းအနားသို့ တက်ရောက်ရန်အတွက် ဧပြီလ(၂၁)ရက်နေ့၊ ညနေ (၅)နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ဘန်ကောက်လေကြောင်း လိုင်းအမှတ် SQ-962N ဖြင့် ထွက်ခွာသွားခဲ့ပြီး အစည်းအဝေးကို အောင်မြင်စွာ ကျင်းပပြီးစီးပြီး ဧပြီလ(၂၅)ရက်နေ့ နေ့လည် (၁၁း၁၅) နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဘန်ကောက်လေကြောင်း လိုင်းအမှတ် SQ-957N ဖြင့် ပြန်လည်ရောက်ရှိလာရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်ရုံး နိုင်ငံခြားရေးရာဌာနမှ ဒုတိယဌာနမှူး ဦးဆွေဝင်းနှင့် တာဝန်ရှိသူများမှ သွားရောက် ကြိုဆိုခဲ့ကြကြောင်း သိရှိရသည်။

အေးကိုကို 


Leave a Reply