ရုရှားတင်းနစ်မယ် မာရီယာရှာရာပိုဗာ ကစားသမားဘ၀မှအနားယူ

ကစားသမားဘ၀တစ်လျှောက် ဂရင်းစလမ်ဆုဖလား(၅)ကြိမ်ရရှိခဲ့တဲ့ ရုရှားတင်းနစ်မယ် မာရီယာရှာရာပိုဗာဟာ ကစားသမားဘ၀ကနေ အနားယူပြီလို့ ဖေဖော်ဝါရီလ (၂၆)ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အသက်(၃၂)နှစ်အရွယ် ရှာရာပိုဗာဟာ Vanity Fair မဂ္ဂဇင်းမှာ သူမကိုယ်တိုင်းရေးသားတဲ့ ဆောင်းပါးမှာ ပုခုံးဒဏ်ရာနဲ့ ရုန်းကန်နေရတာကြောင့် အနားယူဖို့ ဆုံးဖြတ်လိုက်ရတာဖြစ်တယ်လို့ ရှင်းပြထားပါတယ်။

ရှာရာပိုဗာဟာ ပထမဆုံးဂရင်းစလမ်ဆုဖလားကို အသက်(၁၇)နှစ်အရွယ် ၂၀၀၄ ခုနှစ်က ဝင်ဘယ်ဒန်ပြိုင်ပွဲမှာ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာတော့ တားမြစ်ဆေးသုံစွဲထားကြောင်းစစ်ဆေးတွေ့ရှိခဲ့လို့ (၁၅)လကြာ ပွဲကစားခွင့် ပိတ်ပင်ခံခဲ့ရပါတယ်။