ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ် ရွှေပြည်သာမြို့နယ်ရှိ ရပ်ကွက်ပါတီဆိုင်းဘုတ်တင်ပွဲ အခမ်းအနား တက်ရောက်ဖွင့်လှစ်

 

ဖေဖော်ဝါရီ ၉

ရွှေပြည်သာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမှတ် (၁၅) ရပ်ကွက် အမှတ် (၂၁) ရပ်ကွက်များဆိုင်းဘုတ်တင်ပွဲ အအခမ်းအနားသို့ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ် ယမန်နေ့နံနက် ၉းဝဝ အချိန်တွင် တက်ရောက် ဖွင့်လှစ်ပေးခဲ့ပါသည်။
ဆိုင်းဘုတ်တင် အခမ်းအနားသို့ ဗဟိုအတွင်းရေးမှူး ဒါက်တာစန်းစန်းနွယ် မြောက်ပိုင်းခရိုင် ကော်မတီဝင် ဒေါ်ချမ်းမြအေး ရွှေပြည်သာပြည်ခိုင်ဖြိုးပါတီ နယကများဖြစ်ကြသော ဦးရဲဆွေလှိုင် ဦးမျိုးဝင်းညွှန် ရွှေပြည်သာ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးလင်းအောင်အောင် အတွင်းရေးမှူး ဦးဇေယျာဝင်း မြို့နယ်ကော်မတီဝင် နယ်မြေ တာဝန်ခံ ဒေါ်မြတ်မြတ်ညွှန့် နှင့်မြို့နယ်ကော်မတီဝင်များ အမှတ် (၁၅) ရပ်ကွက်ပါတီဥက္ကဋ္ဌ ဦးတင့်ဆွေနှင့် အမှတ် (၂၁) ရပ်ကွက်ပါတီဥက္ကဋ္ဌ ဦးစန်းနိုင်နှင့် ရပ်ကွက်ပါတီကော်မတီဝင်များ ရပ်မိရပ်ဖများ ဖိတ်ကြားထားသော ဧည့်သည်များ စုံလင်စွာ တက်ရောက်ခဲ့ ပါသည်။

ဗဟိုအတွင်းရေးမှူးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပီး မြို့နယ်ပါတီဥက္ကဋ္ဌ ဦးလင်းအောင်အောင်မှ လက်ရှိ ဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများ ၂၀၂၀ အောင်နိုင်ရေး အခြေအနေများကို အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့ပြီး တက်ရောက်လာသော ဧည့်သည့်များ ပါတီဝင်များ ပြန်လည်ဆွေးနွေး တင်ပြခဲ့ကြပီး ဆိုင်းဘုတ် တင် အခမ်းအနားအား နေ့လည် ၁၁းဝဝ နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပခဲ့ပါသည်။

ဘိုတေ(ရွှေပြည်သာ)