ကစားသမားဘ၀ ပထမဆုံးပီဂျီအေတိုး ချန်ပီယံဆုကို နိတ်လက်ရှ်လေ ရယူ

ရော့ကက်မော့ဂိတ်ကလပ်စစ်ဂေါ့ဖ်ပြိုင်ပွဲ ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ အမေရိကန်နိုင်ငံသား နိတ်လက်ရှ်လေဟာ ကစားသမားဘ၀ပထမဆုံး ပီဂျီအေတိုးချန်ပီယံဆုအဖြစ် ရယူနိုင်ခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု ဒက်ထရိုက် မြို့မှာ တနင်္ဂနွေနေ့ကယှဉ်ပြိုင်ခဲ့တဲ့ပြိုင်ပွဲနောက်ဆုံးနေ့ပွဲမှာ လက်ရှ်လေက ရိုက်ချက်(၇၀)ရိုက် နိုင်ခဲ့ပါတယ်။ ဒါကြောင့် စုစုပေါင်း ရိုက်ချက်(၂၆၃)ချက်နဲ့ သတ်မှတ်ရိုက်ချက်အောက် အချက်(၂၀)လျော့ရိုက်နိုင်ခဲ့တဲ့ နိတ်လက် ရှ်လေက ချန်ပီယံဆုကိုရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။ အသက်(၃၆)နှစ်ရှိပြီဖြစ်တဲ့ လက်ရှ်လေဟာ (၂၀၀၅) ခုနှစ်မှာ ပရော်ဖက်ရှင်နယ်ဂေါ့ဖ်သမားဘ၀ကို စတင်ခဲ့ပြီး(၁၄)နှစ်အကြာမှာ ပထမဆုံး ပီဂျီအေတိုး ချန်ပီယံဆုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ပြိုင်ပွဲတစ်ခုလုံးအတွက် ဆုကြေးဒေါ်လာ(၇ဒဿမ၃) သန်းချီးမြှင့်ခဲ့တဲ့ ဒီပွဲမှာ နိတ်လက် ရှ်လေဟာ ချန်ပီယံဆုနဲ့ဆုကြေးအဖြစ် ဒေါ်လာ(၁ဒဿမ၃)သန်းကျော် ရရှိခဲ့တယ်လို့ သိရပါတယ်။ one news