ကြို့ပင်ကောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနား ကျင်းပ

 

ကြို့ပင်ကောက် ဇွန် ၁၁

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟို ကော်မတီဝင် ဦးဝင်းမြင့်စိုး ဦးဆောင်သော အဖွဲ့သည် ယမန်နေ့ နံနက် ၈ နာရီခွဲခန့်က ဂုမ္မကွင်းအုပ်စု လိမ္မင်ကွင်း ကျေးရွာရှိ ပြည်ခိုင်ဖြိုးရပ်ကျေး ပါတီဥက္ကဋ္ဌ ဦးနေလင်းအောင် နေအိမ်တွင် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။ ယင်းအခမ်းအနားတွင် အခမ်းအနားမှူး ဒေါ်တင့်တင့်ခိုင်က အခမ်းအနား ဖွင့်လှစ်ကြောင်း ကြေညာပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် တိုင်း နာယက ဦးဝင်းမြင့်စိုးက အဖွင့်စကားများနှင့် ယနေ့ဖြစ်ပေါ်နေသော ပဂတိအခြေအနေ အကြောင်းအရာများကို ဆွေးနွေး ပြောကြားသည်။

ယင်းနောက် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ဥက္ကဋ္ဌ ဦးခင်မောင်လွင်၊ အတွင်းရေးမှူး ဦးသိန်းစိုး၊ ပြည်ခိုင်ဖြိုး မြို့နယ် ကော်မတီဝင် နယ်မြေတာဝန်ခံ ဦးသက်ဝင်းကျော်၊ မြို့နယ်ကော်မတီဝင် အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်သန္တာအောင်တို့က သိကောင်းစရာများကို ပြောကြားသည်။

ဆက်လက်ကျင်းပရာ ပါတီ၏ ရပ်/ကျေးဥက္ကဋ္ဌ ဦးသက်ဝင်းကျော်က ကျေးဇူးတင်စကား ပြောကြားပြီး ဖဲကြိုး ဖြတ်ခြင်းအခမ်းအနားအား ကျင်းပကာ ဗဟိုကော်မတီဝင် ဦးဝင်းမြင့်စိုး၊ ရပ်ကျေးပါတီဥက္ကဋ္ဌနှင့် ရပ်မိရပ်ဖများက အမွှေးနံ့သာရည်များ ပက်ဖျန်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ အခမ်းအနား အပြီးတွင် ပါတီ၏ ဗဟို ကော်မတီဝင်နှင့်အတူ ဒေသခံများဖြင့် စုပေါင်းကာ မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။

စိုးတင်မြင့်(ရွှေကြို့မြေ)