ဒဂုံမြို့သစ်မြာက်ပိုင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရေနွေးကြမ်းစကားဝိုင်း ကျင်းပ

 

ရန်ကုန်​​ မေ ၂၁

ရန်ကုန်​​တိုင်းဒေသကြီး ဒဂုံမြို့သစ်​မြာက်ပိုင်း​​မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အမှတ် (၄၃​) ရပ်ကွက်​ရှိ ရပ်​ကွက်​ပါတီဥက္ကဌ ဦးတင်​ဝင်း​နေအိမ်​၌ ကျင်းပပြုလုပ်​ခဲ့​ကြောင်း သိရသည်​။

အ​ရှေ့ပိုင်းခရိုင် အတွင်းရေး​​​မှူး ဒေါ်ဇာခြည်​လင်းမှ နိုင်ငံတော်တွင် လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများ၊ ရခိုင်အရေး၊ အခြေခံဥပဒေ ပြင်ဆင်ရေးစသည့် သိသင့်သိထိုက်သည်များကို ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသန်းစိုးက မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် စည်းရုံးရေး လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဒေသခံများ၏မေး မြန်းမှုများကို ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့သည်။
အဆိုပါ​ ရေ​နွေးကြမ်းစကားဝိုင်း​ ဆွေး​နွေးပွဲသို့ ရန်​ကုန်​အ​ရှေ့ပိုင်းခရိုင်​ အတွင်း​ရေးမှူး ​ဒေါ်ဇာခြည်​လင်း၊ မြို့နယ်​ပါတီဥက္ကဌ ဦးသန်းစိုး၊ မြို့နယ်​ပါတီ​ကော်​မတီဝင်​ ဦး​ကျော်​ထင်​၊ နယ်​​မြေတာဝန်​ခံ​ ဒေါ်မာလာရည်​လွင်​၊ အမှတ်​၄၃ ရပ်​ကွက်​ အတွင်းရှိ ပါတီဝင်​ပြည်​သူများ တက်​​ရောက်​၍ ​​ရေ​နွေးကြမ်းစကားဝိုင်းကို ချစ်​ခင်​ရင်းနှင်းစွာဖြင့်​ ပြုလုပ်​ခဲ့​ကြောင်း သိရှိရပါသည်​။