ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဧရာဝတီတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ပါတီဝင်များစွမ်းရည်မြှင့် သင်တန်းဖွင့်ပွဲ တက်ရော%8

 

မအူပင် မေ ၂၁

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဧရာဝတီတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဥာဏ်လင်းသည် ယမန်နေ့ နံနက် ၉ နာရီခွဲက မအူပင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး မျိုးဆက်အားမာန် ခန်းမတွင် ကျင်းပသော ရပ်ကွက်နှင့် ကျေးရွာပါတီကော်မတီဝင်များ စွမ်းရည်မြှင့်သင်တန်း အမှတ်စဉ် (၁) ဖွင့်ပွဲအခမ်းအနား သို့ တက်ရောက်အမှာစကား ပြောကြားခဲ့သည်။ အခမ်းအနားကို နိုင်ငံတော်အလံ အလေးပြုခြင်း၊ နိုင်ငံတော်သီချင်း သီဆိုခြင်းဖြင့် အခမ်းအနားဖွင့်လှစ်ခြင်း၊ ဗဟို အလုပ်အမှုဆောင် ဧရာဝတီတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးညဏ်လင်းက အဖွင့်အမှာစကား ပြောကြားခြင်း၊ မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစောသောင်းဒန်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ မြို့နယ်ပါတီကော်မတီဝင် ဦးတင်အောင်ရွှေက သင်တန်းစည်းမျဉ်းစည်းကမ်းများ ရှင်းလင်းတင်ပြခြင်းများ ဆောင်ရွက်ပြီး သင်တန်း ဆက်လက်ပို့ချ ဆောင်ရွက်ခဲ့သည်။

သင်တန်းဖွင့်ပွဲသို့ ဗဟိုအလုပ်အမှုဆောင် ဧရာဝတီတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးညဏ်လင်း၊ တိုင်းဒေသကြီးပါတီ ကော်မတီဝင် မအူပင်ခရိုင် တာဝန်ခံ ဦးသန်းထွန်း၊ မအူပင်ခရိုင် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးကျော်ဖေဦးနှင့် ခရိုင်ပါတီ ကော်မတီဝင်များ၊ မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစောသောင်းဒန်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ အရန်ပါတီ ကော်မတီဝင်များ၊ သင်တန်းသား သင်တန်းသူများ စုစုပေါင်း အင်အား ၁ဝဝ ကျော် တက်ရောက်ခဲ့ကြသည်။ သင်တန်းကာလ မှာ ယနေ့မှ ယခုလ ၂၂ ရက်အထိ ဖြစ်သည်။   ဖြိုးမောင်ဇော်(မအူပင်