ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း သိကောင်းစရာ ဟောပြောပွဲ အခမ်းအနား မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမောင် တက်ရောက်

 

တောင်သာ မေ ၂

မြင်းခြံခရိုင် တောင်သာမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး ခန်းမတွင် ယမန်နေ့နံနက် ၉ နာရီခွဲမှ ညနေပိုင်းအထိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်ကျေးရွာ ပါတီကော်မတီဝင်များ လပတ်အစည်းအဝေးနှင့် (၂ဝဝ၈ ခုနှစ်) ဖွဲ့စည်းပုံ အခြေခံဥပဒေအကြောင်း သိကောင်းစရာ ဟောပြောပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။

အခမ်းအနားကို နိုင်ငံတော်သီချင်း သံပြိုင်သီဆို၍ နိုင်ငံတော်အလံအား အလေးပြု ဖွင့်လှစ်ပြီးနောက် ပါတီဗဟို အလုပ်အမှုဆောင် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး ပါတီကော်မတီဝင် မြင်းခြံခရိုင်နယ်မြေ တာဝန်ခံ ဦးမြတ်သူက ဆက်လက်ဆောင် ရွက်သွားမည့် ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး ခဲ့ပြီးနောက် မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများ မှ ပါတီဥက္ကဋ္ဌများက မိမိတို့၏နယ်မြေ အလိုက်ဆောင်ရွက်ပြီးစီးသည့် စည်းရုံးရေး အခြေအနေများနှင့် ဒေသအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ တင်ပြလာမှုများအပေါ် ပါတီဗဟိုအလုပ်အမှုဆောင် မန္တလေး တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင်က ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့သည်။

ထို့နောက် ဖွဲ့စည်းပုံ အခြေခံဥပဒေအကြောင်း သိကောင်းစရာ ဟောပြောပွဲကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီး ပါတီကော်မတီဝင်များ ဖြစ်ကြသော ဦးကျော်စန်း၊ ဦးတင့်လွင်ဦးနှင့် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင်တို့က ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ ဟောပြောဆွေးနွေး ခဲ့သည်။ ယနေ့ကျင်းပသည့် အခမ်းအနားသို့ ပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင်၊ တိုင်းဒေသကြီးပါတီ ကော်မတီဝင်များ ဖြစ်ကြသော ဦးမြတ်သူ၊ ဦးတင့်လွင်ဦးနှင့် ဦးကျော်စန်း၊ မြင်းခြံခရိုင် ပါတီဥက္ကဋ္ဌ ဦးကျော်တင်၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးမျိုးကျော်ဇင်နှင့် ခရိုင်ပါတီ ကော်မတီဝင်များ၊ တောင်သာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသိန်းညွန့်၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးသန်းဇော်ဦးနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်ကျေး ပါတီဥက္ကဋ္ဌများ၊ လူငယ်များနှင့် အမျိုးသမီးအဖွဲ့ဝင်များ စုစုပေါင်း အင်အား ၂၅ဝ ခန့် တက်ရောက် ခဲ့ကြောင်း သိရသည်။

သုတ(မန္တလေး)