ဇေယျာသီရိမြို့နယ်၊ စည်ပင်ကြီးအုပ်စု၊ ချောင်းကမ်းကြီးကျေးရွာ ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲ ပြုလုပ်

 

နေပြည်တော်၊ မေ ၃

ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ ဇေယျာသီရိမြို့နယ်၊ စည်ပင်ကြီးအုပ်စု၊ ချောင်းကမ်းကြီးကျေးရွာ ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲအား ၃-၅-၂၀၁၉ ရက်နေ့ နံနက် ၀၉၀၀ နာရီအချိန်တွင် ကျင်းပပြုလုပ် ခဲ့ပါသည်။

အထက်ပါ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်၊ ပြည်ထောင်စုနယ်မြေ ပါတီဥက္ကဋ္ဌ ဦးဝေလွင် တက်ရောက်ကာ ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်အား အမွှေးနံ့သာများ ဖြန်းပက်ခဲ့ပြီး ခရိုင်/မြို့နယ် ကော်မတီဝင်များ၊ ရပ်ကျေးကော်မတီဝင်များနှင့် ကျေးရွားသူကျွေးရွာသား စုစုပေါင်း အင်အား ၁၀၀ကျော် တက်ရောက်ခဲ့ကြ ပါသည်။#DuWonKyal