မီယာမီအိုးပန်း ချန်ပီယံဆုကို ရော်ဂျာဖက်ဒရာ (၄)ကြိမ်မြောက် ဆွတ်ခူး

မတ်လ ၃၁ ရက်နေ့က အမေရိကန်နိုင်ငံမှာ ယှဉ်ပြိုင်သွားတဲ့ မီယာမီအိုးပန်း တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ နာမည်ကြီး တင်းနစ်သမား ရော်ဂျာ ဖက်ဒရာက ဂျွန်အစ်စနာကို အနိုင်ရသွားပါတယ်။ ဒီပြိုင်ပွဲမှာ အသက် ၃၇ နှစ်အရွယ် ဖက်ဒရာက ပထမပွဲကို လက်ရည်အသာစီးနဲ့ ယှဉ်ပြိုင်ပြီး ၆ – ၁ နဲ့ အနိုင်ရသွားပါတယ်။ ဒုတိယပွဲမှာ ဖက်ဒရာဟာ အိမ်ရှင် အမေရိကန်နိုင်ငံသား ဂျွန်အစ်စနာကို အကြိတ်အနယ် ယှဉ်ပြိုင်ပြီး ၆ – ၄ နဲ့ အနိုင်ရသွားတာပါ။ လက်ရှိချန်ပီယံ ဂျွန်အစ်စနာဟာ ဒီပြိုင်ပွဲမှာ ရုန်းကန် ယှဉ်ပြိုင်သွားရပါတယ်။ ဆွစ်ဇာလန် တင်းနစ်သမား ဖက်ဒရာဟာ မီယာမီအိုးပန်း ချန်ပီယံဆုကို ကစားသမားဘဝ သက်တမ်းမှာ ၄ ကြိမ် ရယူနိုင်တာ ဖြစ်ပါတယ်။DVB