ကိုလံဘီယာကို အနိုင်ရသောပွဲတွင် ချီလီအတွက် ဆန်းချက်ဇ် နိုင်ငံတကာပွဲ (၁၀၀) ပြည့်မြောက်

3588DC7C00000578-0-image-m-79_1466590765142

ကိုလံဘီယာကို ၂-၀ ဂိုး ဖြင့် အနိုင်ရပြီး ကိုပါအမေရိက ဖလားဗိုလ်လုပွဲသို့ တက်လှမ်းနိုင်သည့်ပွဲတွင် အာဆင်နယ် တိုက်စစ်မှူး ဆန်းချက်ဇ်သည် ချီလီ အသင်းအတွက် ပွဲ (၁၀၀) ပြည့် မြောက်ခဲ့ပြီဖြစ်သည်။

ချီလီဘောလုံးကြယ်ပွင့် ဆန်းချက်ဇ်သည် ၎င်းတို့အသင်း  ၂ နှစ်ဆက်တိုက် ကိုပါအမေရိက ဖလားရရှိအောင် ကြိုးစားနေစဉ် ဆီမီးဖိုင်နယ်တွင် ပွဲ (၁၀၀) ပြည့် မြောက်ခဲ့သည်။

ဆန်းချက်ဇ်သည် ယမန်နှစ် က အာဂျင်တီးနားကို ဗိုလ်လုပွဲတွင် အနိုင်ရပြီး နည်းပြ ဂျော့ခ်ျ ဆမ်ပေါ်လီလက်ထက်က ပထမဆုံး အဓိကဖလားတစ်လုံး ရရှိအောင် စွမ်းဆောင်မှု၌ အဓိက နေရာမှ ပါဝင်ခဲ့သည်။

ဆန်းချက်ဇ်သည် ၂၀၀၆ ဧပြီလ ၂၇ ရက်က နယူးဇီလန်နှင့်ပွဲတွင် ပထမဆုံးနိုင်ငံတကာပွဲ ကစားခဲ့ပြီး ယနေ့ထိ ချီလီ အသင်းအတွက် ၃၄ ဂိုးသွင်းယူထားကာ မာဆယ်လိုဆာလာ၏နောက် အီဗန်ဇာမိုရာနိုနှင့်အတူ ချီလီအတွက် ဒုတိယ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေသည်။

ချီလီအသင်းအတွက် ပွဲ (၁၀၀) ပြည့်မြောက်ခဲ့သော ကလောက်ဒီယိုဘရာဗိုပြီးနောက် ဒုတိယမြောက် ပွဲ (၁၀၀) ပြည့် ကစားခဲ့သည့် ဆန်းချက်ဇ် (၂၇) နှစ်ကို အာဆင်နယ်အသင်းက တွစ်တာစာမျက်နှာတွင် ဂုဏ်ပြု ထားသည်။

—Ref:Goal


Leave a Reply