ရပ်ကျေးပါတီဥက္ကဋ္ဌများနှင့် လပတ်ပုံမှန်အစည်းအဝေး မြို့နယ်ပါတီ အစည်းအဝေးခန်းမတွင်ကျင်းပ

 

06 February 2019

မန္တလေးတိုင်းဒေသကြီး မိတ္ထီ လာမြို့ နန်းတော်ကုန်းရပ်ကွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ မြို့နယ်အစည်းအဝေးခန်းမ တွင် ယမန်နေ့နံနက် ၁၁ နာရီမှ မွန်းလွဲ ၁၂ နာရီခွဲအထိလပတ်ပုံမှန် အစည်းအဝေး ကျင်းပသည်။

အစည်းအဝေးတွင် ခရိုင်ပါတီ ဥက္ကဋ္ဌဦးထွန်းထွန်းဦးကအဖွင့်အမှာ စကားပြောကြားခြင်း၊ ခရိုင်ကော် မတီဝင်ဦးဖိုးဥာဏ်က ပါတီဝင်များ ကျစ်လျစ်ခိုင်မာရေး၊ ဆက်လက် တိုးပွားရေးများကို လမ်းညွှန်မှာ ကြားခြင်း၊ မြို့နယ်ပါတီ ယာယီ ဥက္ကဋ္ဌဦးချစ်ထွေးက ရပ်ကျေး ပါတီဆိုင်းဘုတ်များ အသစ်ပြန် လည်တင်ကြရန်နှင့် ပါတီဝင် အင်အားများစွာဖြင့် ခမ်းခမ်းနား နားတင်ကြရန် ပြောကြားခဲ့သည်။ တက်ရောက်လာကြသော ရပ်ကျေး ပါတီဥက္ကဋ္ဌများမှ ဆွေးနွေးတင်ပြ ကြရာ မြို့နယ်ပါတီဥက္ကဋ္ဌက ပြန် လည်ရှင်းလင်းခဲ့ကြောင်း သိရ သည်။

စိုးလှိုင်(ထီလာ)