ပါတီဗဟိုအတွင်းရေးမှုးနှင့် ဗဟိုအလုပ်အမှုဆောင် ကွမ်းခြံကုန်း ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် တွေ့ဆုံ

 

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် ပါတီဗဟိုအတွင်းရေးမှုး ဒေါက်တာစန်းစန်းနွယ် ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းပါတီဥက္ကဌ ဦးခင်မောင်စိုးနှင့် တွေ့ဆုံပွဲ အခမ်း အနားကို ဇန္နဝါရီလ (၃၀) ရက် နံနက် (၁၀:၃၀) နာရီက ကွမ်းခြံကုန်းမြို့နယ် ပါတီကော်မတီရုံးတွင် ကျင်းပသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပါတီဗဟိုအတွင်းရေးမှုး ဗဟိုအလုပ်အမှုဆောင်များနှင့် အတူရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးပါတီမှ တိုင်းပါတီအတွင်းရေးမှုး ဒေါက်တာကျော်စိုးနှင့်အတူ တိုင်းပါတီကော်မတီဝင်များ ခရိုင်ပါတီဥက္ကဌနှင့် ခရိုင် ကော်မတီဝင်များ မြို့နယ်ပါတီဥက္ကဌ ဦးတင်လင်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ ရပ်ကျေးပါတီဥက္ကဌများ ကော်မတီဝင်များ တက်ရောက်ကြသည်။

အစီအစဉ်အရ ကွမ်းခြံကုန်းမြို့နယ် ပါတီဥက္ကဌဦးတင်လင်းနှင့် မြို့နယ်ကော်မတီဝင်များ ရပ်ကျေး ပါတီဥက္ကဌနှင့် ကော်မတီဝင်များမှ တစ်ဦးချင်း မိတ်ဆက်ကြသည်။ ထို့နောက် ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ပါတီဗဟို အလုပ်အမှုဆောင် ဦးခင်မောင်စိုးမှ အမှာစကား ပြောကြားရာတွင် ပြည်ခိုင်ဖြိုးပါတီသည် ခေတ်ကာလရှည်လျှားစွာ ပြည်သူ့အကျိုး ဆောင်ရွက်ခဲ့ကြပြီး ခိုင်မာတောင့်တင်းသည့် အဖွဲ့ကြီးဖြစ်ကြောင်း ထို့ကြောင့် ပါတီစိတ် ထားကြပြီး ပါတီအောင်နိုင်ရေး လုပ်ငန်းများ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပါတီတာဝန်များကိုလည်း တိတိကျကျ တာဝန်ပေးခြင်း ခိုင်ခိုင်မာမာ ဖွဲ့စည်းတာဝန်ပေးရန် လိုအပ်ကြောင်း ပါတီကော်မတီ အဆင့်ဆင့် များသည်လည်း မိမိတို့အား ပေးအပ်ထားသည့် တာဝန်များကို ကျားကုတ်ကျား ခဲအောင်မြင်အောင် ဆောင်ရွက်မည့် ပုဂ္ဂိုလ်များဖြစ်ဖို့ လိုအပ်ကြောင်း မိမိတို့ရပ်ရွာ၏ အခြေအနေများကိုလည်း မှန်မှန်ကန်ကန် တင်ပြကြပြီး ပြည်သူထံ အရောက်သွားကြဖို့လိုအပ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပါတီဗဟိုအတွင်းရေးမှုး ဒေါက်တာစန်းစန်းနွယ်မှ ပါတီ၏ ဖွဲ့စည်းပုံကျစ်လစ်ခိုင်မာမှု ပါတီဝင်များ စိတ်ဓာတ် မြင့်မားရေး ပါတီဝင်အင်အား အခြေအနေ ပါတီစည်းရုံးရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ၂၀၂၀ ပါတီအောင်နိုင်ရေး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် ကွမ်းခြံကုန်းမြို့နယ် ပါတီဥက္ကဌ ဦးတင်လင်းမှမြို့နယ်နှင့် ပါတ်သက်သည့် အချက်အလက်များ ဆောင်ရွက်ထားသည့် အချက်အလက်များကို ရှင်းလင်းတင်ပြပြီး တွေ့ဆုံပွဲ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

ထိန်ဝင်း(YGN)