ဇန်နဝါရီလအတွင်း ဈေးအကြီးဆုံး အပြောင်းအရွှေ့ရှစ်ခု

ဇန်နဝါရီလအတွင်း ဈေးအကြီးဆုံး အပြောင်းအရွှေ့ရှစ်ခုကို AS သတင်းဝက်ဘ်ဆိုက်က ဖော်ပြရာ အေဂျက်ဇ်မှ ဘာစီလိုနာသို့ ပြောင်းရွှေ့ခဲ့သော ဖရန်ကီဒီဂျောင်က ယူရို ၈၆ သန်းဖြင့် ထိပ်ဆုံးနေရာတွင်ရှိနေသည်။ ဒီဂျောင် (၂၁ နှစ်)က ငယ်ဘဝအိပ်မက် ဘာစီလိုနာသို့ ပြောင်းရွှေ့ခွင့်ရ ရန် ပီအက်စ်ဂျီ၏ ကမ်းလှမ်းချက်ကို ပယ်ချခဲ့သည်။

ဒုတိယနေရာတွင် ဒေါ့မွန်မှ ချယ်လ်ဆီးသို့ ရောက်လာသူ ခရစ်တီယန်ပူလီဆစ် (၂၀ နှစ်)က ပြောင်းရွှေ့ကြေး ယူရို ၆၄ သန်းဖြင့် ရှိနေသည်။ ပူလီဆစ်သည် ချယ်လ်ဆီးနှင့် ၂၀၂၄ အထိ စာချုပ် ချုပ်ဆိုခဲ့သော်လည်း ယခုနှစ်ရာသီကုန် အထိ ဒေါ့မွန်အသင်းတွင် အငှားကစားရမည်ဖြစ်သည်။

တတိယဈေးအကြီးဆုံး အပြောင်းအရွှေ့သည် ဘရာဇီးကလပ် ဖလာမင်ဂိုမှ အေစီမီလန်သို့ ရောက်လာသူ လူးကပ်စ်ပါကွေတာဖြစ်ပြီး ယူရို ၃၅ သန်းဖြင့် ပြောင်းရွှေ့ခဲ့သည်။ ထို့အပြင် အေစီမီလန်သည် ဂျီနိုအာမှ ပီယာတက်စ်(၂၃)နှစ်ကို ယူရို ၃၅ သန်းဖြင့် ခေါ်ယူခဲ့ပြီး ၎င်းသည် ယခုဇန်နဝါရီအကြီးမားဆုံး အပြောင်းအရွှေ့ ရှစ်ခုစာရင်းတွင် ပါဝင်ခဲ့သည်။ မန်စီးတီးမှ ရီးရဲလ်သို့ ယူရို ၁၇ သန်းဖြင့် ရောက်ရှိခဲ့သည့် ဘရာဟင်ဒီယာ့ဇ် (၁၉ နှစ်)လည်း စာရင်းတွင် ပါဝင်လာသည်။

 ပီယာတက်စ်ကို ခေါ်ယူကြောင်း ကြေညာသည့်နေ့တွင် အေစီမီလန်တိုက်စစ်မှူး ဟီဂူအင် သည် မိမိတို့အသင်း၌ အငှားဖြင့် လက်ကျန်ရာသီကုန်အထိ ကစားမည်ဟု ချယ်လ်ဆီးက ကြေညာသည်။ ကျောနံပါတ် (၉) ဝတ်ဆင်မည့် ဟီဂူအင် အနေဖြင့် နာပိုလီတွင် တွေ့ဆုံခဲ့သော လက်ရှိ ချယ်လ်ဆီးနည်းပြ ဆာရီနှင့် ပြန်လည် ဆုံစည်းခြင်းဖြစ်သည်။

စပိန်၊ အင်္ဂလန်နှင့် ဂျာမနီ တွင် ကစားသမားဘဝ ကျင်လည်ခဲ့ဖူးသော ဆတ်ဆူလိုဝါရင့် တိုက်စစ်မှူး ကီဗင်ပရင့်စ်ဘိုတန် က ဘာစီလိုနာသို့ ရောက်ရှိလာပြီး ယခုစာရင်း၌ ပါဝင်ခဲ့သည်။

ထို့အပြင် အာဆင်နယ်နှင့် ချယ်လ်ဆီး ကစားသမားဟောင်း ဖာဘရီဂတ်စ်၏ မိုနာကိုသို့ ပြောင်းရွှေ့မှုကိုလည်း ဖော်ပြခဲ့သည်။                  

—Ref: AS