ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ပါတီတာဝန်ရှိသူများ မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ်ကျင်းပသည့် ကမ္ဘာ့အကြီးဆုံး စာအုပ်ဈေးပွဲတော်သို့ သွားရောက်ကြည့်ရှုလေ့လာ

 

ရန်ကုန် ဇန်နဝါရီ ၂၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ပါတီတာဝန်ရှိသူများသည် မြန်မာ နိုင်ငံတွင်ပထမဦးဆုံးအကြိမ်ကျင်းပ သည့် ကမ္ဘာ့အကြီးဆုံး စာအုပ်ဈေး ပွဲတော်သို့ ယမန်နေ့က သွားရောက် လေ့လာခဲ့ကြောင်း သိရသည်။

ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် အတူ ပါတီဒုတိယဥက္ကဋ္ဌ ဦးမြတ် ဟိန်း၊ ပါတီအထွေထွေအတွင်း ရေးမှူး ဦးသက်နိုင်ဝင်း၊ ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏ မောင်လွင်၊ ပါတီဗဟိုအတွင်းရေး မှူး ဒေါက်တာစန်းစန်းနွယ်တို့
လိုက်ပါကြည့်ရှုလေ့လာခဲ့သည်။

အဆိုပါBig Bad Wolf Book Sale မှကျင်းပသော မြန်မာနိုင်ငံတွင် ပထမ ဦးဆုံးအကြိမ် ကျင်းပသည့် ကမ္ဘာ့အကြီး ဆုံး စာအုပ်ဈေးပွဲတော်ကိုMyanmar Event Park(MEP) ၌ ယခုလ ၁၇ ရက် နံနက်ပိုင်းမှစတင်၍ ဝင်ကြေးအခမဲ့ဖြင့် ခင်းကျင်းပြသလျက်ရှိရာ ပွဲတော်လာ ပြည်သူများဖြင့် အထူးစည်ကားလျက်ရှိ ကြောင်း သိရသည်။
ကမ္ဘာ့အကြီးဆုံးစာအုပ်ဈေးပွဲတော်၌ ဂန္ထဝင်ဝတ္ထုများ၊ သိပ္ပံစိတ်ကူးယဉ်ဝတ္ထု များ၊ အချစ်ဝတ္ထု၊ သုတရသစာပေများ၊ ဟာသသရုပ်ပြစာအုပ်များ၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ချက်ပြုတ်ခြင်း ဆိုင်ရာစာအုပ်များ၊ ကလေးသူငယ်များ အတွက် စိတ်ဝင်စားဖွယ်ရာဆေးရောင် ခြယ်စာအုပ်များ၊ သင်ထောက်ကူပြုစာအုပ် များနှင့် ရုပ်ပြစာအုပ်များကို နိုင်ငံတကာ တွင် ကျင်းပခဲ့သည့် ပုံစံအတိုင်း ထူးခြား စွာဖြင့် ပွဲတော်ရက်များအတွင်း ၂၄ နာရီ ပတ်လုံး စုံလင်စွာခင်းကျင်းပြသလျက်ရှိ ပြီး စာအုပ်ချစ်သူများအနေဖြင့် အသစ် စက်စက်အင်္ဂလိပ်ဘာသာစာအုပ်ပေါင်း တစ်သန်းကျော်ကို ရာခိုင်နှုန်း ၅ဝ မှ ၉ဝ အထိ အထူးလျော့ဈေးများဖြင့် စိတ်ကြိုက် ရွေးချယ်ဝယ်ယူနိုင်ကြမည်ဖြစ်ကြောင်း သိရသည်။