နမ့်ပုံးပုံးရပ်ကွက် အလက(ခွဲ)ကျောင်း ပညာရေးစုံညီပွဲတော်သို့ မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီတက်ရောက် မိတ္တူကူးစက်လှူဒါန်း

 

မဘိမ်း ဇန်နဝါရီ ၂၃

မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌဦးဇော်လွင်၊ အတွင်း ရေးမှူးဦးတင်ဝယ်၊ မြို့နယ်ပါတီ ကော်မတီဝင်ဦးခင်မောင်ရွှေ၊ ခရိုင် ပါတီကော်မတီဝင်ဦးတိုးမြင့်အောင် တို့သည် ယမန်နေ့က နမ့်ပုံးပုံးရပ် ကွက် အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)၏ ပညာရေးစုံညီပွဲ တော်သို့တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် တာဝန်ရှိ သူများက အသီးသီးအမှာစကား ပြောကြားခဲ့ပြီး ထူးချွန်ဆုရကျောင်း သား ကျောင်းသူများအား ဆုများ အသီးသီးချီးမြှင့်ခဲ့ကြသည်။

အခမ်းအနားတွင် ကျောင်း အတွက် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌက မိတ္တူကူးစက်တစ်လုံးကို ပေးအပ် လှူဒါန်းရာ ကျောင်းအုပ်ဆရာကြီး ဦးစိုးလွင်က လက်ခံရယူခဲ့ကြောင်း သိရသည်။ဲ

ဇော်လွင်(မဘိမ်း)