ကောလင်းမြို့နယ် မင်းကုန်းကျေးရွာတွင် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲကျင်းပ

 

ကောလင်း ဇန်နဝါရီ ၁၄

ကောလင်းမြို့နယ် နှင်းတောအုပ်စု မင်းကုန်းကျေးရွာနေ မောင်မုန်း(ခ)ဦးဖိုးစိုးနေအိမ်တွင် ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်တင်ပွဲ ကျင်းပသည်။

အဆိုပါ ဆိုင်းဘုတ်တင်ပွဲသို့ ကောလင်းမြို့နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးအောင်သန်းဦး၊ မြို့နယ်ပါတီကော်မတီဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မင်းကုန်းကျေးရွာမှ ရပ်မိရပ်ဖ များ၊ ပါတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်လွင်ဦး(ကောလင်း)