ထိုင်ဝမ်နှင့် ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေး ကြိုးပမ်းသွားမည်ဟု တရုတ်သမ္မတ ပြော

ထိုင်ဝမ်ကို တရုတ်ရဲ့ ထိန်းချုပ်မှုအောက် ရောက်စေဖို့ လိုအပ်ရင် အင်အားအသုံးပြုသွားမှာ ဖြစ်ပေမယ့် ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေး ကြိုးပမ်းသွားမယ်လို့ တရုတ်သမ္မတက ဇန်နဝါရီ ၂ ရက်နေ့မှာ ပြောလိုက်ပါတယ်။ ထိုင်ဝမ်ကျွန်းဟာ တရုတ်ရဲ့ ထိရှအလွယ်ဆုံး အရေးကိစ္စဖြစ်ပြီး တရုတ်အစိုးရက ထိုင်ဝမ်ကျွန်းကို တရုတ် အချုပ်အခြာပိုင် နယ်မြေအဖြစ် ပြောဆိုထားပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်က “အင်အားအသုံးပြုမယ့်ကိစ္စကို စွန့်လွှတ်ဖို့ ပြောမထားပါဘူး။ ဒါကို လိုအပ်ရင် အသုံးပြုသွားမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်တာဟာ ဝင်ရောက်နှောင့်ယှက်လိုတဲ့ နိုင်ငံခြားအင်အားစုတွေ၊ ထိုင်ဝမ်ခွဲထွက်ရေး ကြိုးပမ်းသူတွေနဲ့ ခွဲထွက်ရေး လုပ်ရပ်တွေကို တားဆီးဖို့ ရည်ရွယ်တယ်” လို့ ထိုင်ဝမ်ရေးရာ မူဝါဒ ကြေညာချက်မှာ ပြောခဲ့ပါတယ်။

_DVB