ထိုင်ဝမ် ဒေသန္တရရွေးကောက်ပွဲတွေမှာ အာဏာရအစိုးရ အခြေမလှ

ထိုင်ဝမ်နိုင်ငံရဲ့ ဒေသန္တရရွေးကောက်ပွဲတွေမှာ တရုတ်သြဇာအောက်က ထိုင်ဝမ်လွတ်မြောက်ရေးကြိုးပမ်းလိုတဲ့ DPP ခေါ် အတိုက်အခံ ဒီမိုကရက်တစ် တိုးတက်ရေးပါတီ အကြီးအကျယ် ရှုံးနိမ့်သွားခဲ့တဲ့အပေါ် တရုတ်အစိုးရ ကြိုဆိုလိုက်ပြီး၊ ဒါဟာ ထိုင်ဝမ်ပြည်သူတွေအနေနဲ့ တရုတ်ပြည်နဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ဆက်ဆံလိုကြောင်း ပြသလိုက်တာဖြစ်ကြောင်း ပြောဆို လိုက်ပါတယ်။

ထိုင်ဝမ်သမ္မတ စိုင်အင်းဝမ် ကလည်း ရွေးကောက်ပွဲမှာ ပါတီအရေးနိမ့်ခဲ့တဲ့အပေါ် တာဝန်ယူတဲ့အနေနဲ့ DPP ပါတီ ဥက္ကဌ အဖြစ်ကနေ ပြီးခဲ့တဲ့ စနေနေ့က နုတ်ထွက်လိုက်ပါတယ်။

အခုအခါ DPP ပါတီ အားကောင်းတဲ့နေရာ ၆ နေရာသာရှိပြီး၊ တရုတ်နဲ့အဆင်ပြေတဲ့ ကူမင်တန်ပါတီက အနည်းဆုံး ၁၅ နေရာလောက်မှာ အနိုင်ရခဲ့ပါတယ်။ အထူးသဖြင့် DPP ပါတီဟာ သူ့ရဲ့အားအကောင်းဆုံးဖြစ်တဲ့ နိုင်ငံတောင်ပိုင်းက ကောင်ဆီယွန်းမြို့မှာ မရှုမလှ ရှုံးနိမ့်ခဲ့ရပါတယ်။

ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ပြီး DPP ပါတီအတွင်းရေးမှူးချုပ် ဟူယောင်ဖု ကတော့ ပါတီအနေနဲ့ သတင်းမှားတွေရဲ့ ဒဏ်ကို ခံခဲ့ရကြောင်း ထပ်လောင်းပြောဆိုခဲ့ပါတယ်။

-Ref: RFA