ပါတီဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ်တာဝန်ခံဦးသူရိန်ဇော် မြိုင်ကြီးငူဆရာတော်ရုပ်ကလာပ်အားဖူးမြော် ဈာပနအတွက်အလှူငွေလှူဒါန်း

 

လှိုင်းဘွဲ နိုဝင်ဘာ ၁၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ်တာဝန်ခံ ဦးသူရိန်ဇော်သည် ယမန်နေ့နံနက် ၁ဝ နာရီခန့်က ပါတီဗဟိုကော်မတီဝင် ကရင်ပြည်နယ်ပါတီအတွင်းရေးမှူး ဦးစန်းကို လိုက်ပါ၍ မြိုင်ကြီးငူဆရာတော်ရုပ်ကလာပ်အား ဖူးမြော်ပြီး ဆရာတော် ဈာပနအခမ်းအနားကျင်းပရန်အတွက် အလှူငွေကျပ်တစ်သိန်း ပေးအပ်လှူဒါန်းခဲ့သည်။ အခမ်းအနားသို့ ဘားအံခရိုင် ပါတီကော်မတီဝင်များ၊ လှိုင်းဘွဲမြို့နယ်ပါတီဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များ၊ ရပ်ကွက်၊ကျေးရွာပါတီဝင်အင်အား ၃ဝ တက်ရောက်ခဲ့သည်။

ခင်နီနီအောင်