ပဲခူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီဝင်များ ပြန်လည် ရွေးချယ်ပွဲကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ပါတီဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းနှင့်အညီ ပါတီကျစ်လျစ် ခိုင်မာပြီး အင်အားပိုမို တောင့်တင်းခိုင်မာစေရန်၊ နိုင်ငံတော်နှင့် နိုင်ငံသား များအကျိုးကို သယ်ပိုး ဆောင်ရွက်နိုင်သည့်၊ ရေရှည်တည်တံ့ခိုင်မြဲသည့် ပါတီဖြစ်စေရန် အတွက် ရည်ရွယ်၍ မြို့နယ်ကော်မတီဝင်များ ပြန်လည်ရွေးချယ် ပွဲပြုလုပ်ခြင်းဖြစ်ကြောင်း ပဲခူးခရိုင်ပါတီအတွင်းရေးမှူး ဦးအောင်စိုး ကပြောသည်။

ယင်းအခမ်းအနားကို ပဲခူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ဇွန် (၁၃) ရက် နံနက် ၉နာရီခွဲက ကျင်းပခြင်းဖြစ်ပြီး ကြီးကြပ်ရေးကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာများမှ စည်းရုံး ရေးမှူးများ၊ အမှုဆောင်များနှင့် ပါတီဝင်များအင်အား ၂ဝဝ ကျော် တက်ရောက်ကြသည်။

ရှေးဦးစွာ ရွေးချယ်ရေးအဖွဲ့ခေါင်းဆောင် ပဲခူးခရိုင်ပြည်ခိုင်ဖြိုး ပါတီအတွင်းရေးမှူး ဦးအောင်စိုးက မြို့နယ်ကော်မတီဝင်ပြန်လည် ရွေးချယ်ခြင်းနှင့်ပတ်သက်၍ စည်းမျဉ်း စည်းကမ်း၊ အရည်အချင်း သတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး ကြီးကြပ်ရေးအဖွဲ့ထံ လက်ရှိမြို့နယ်ကော်မတီဝင်များက တာဝန်မှနုတ်ထွက်ကြောင်း လက်မှတ်ထိုး စာရင်းပေးအပ် သည်။

ထို့နောက် တက်ရောက်လာကြသော ရပ်ကွက်၊ ကျေးရွာပါတီဝင်များက မြို့နယ်ပါတီ ကော်မတီဝင် (၃ဝ) အား ရွေးချယ်တင်မြှောက်ကာ ၎င်းတို့ထဲမှ ကော်မတီဝင် (၁၅) ဦးနှင့် အရန်ကော်မတီဝင် (၁၅) ဦးတို့အား မဲစနစ်ဖြင့် ရမှတ်အနည်းအများပေါ် မူတည်၍ ပြန်လည်အတည်ပြု ရွေးချယ်ပေးကြကြောင်း သိရသည်။

တင်စိုး(ပဲခူး)


Leave a Reply