ဗဟိုအမျိုးသမီးညီလာခံ ဂုဏ်ပြုကြိုဆို အင်းတော်ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာအဖွဲ့စုပေါင်းလှုပ်ရှားမှုဆောင်ရွက်

 

အင်းတော် အောက်တိုဘာ ၁ဝ

အင်းတော်မြို့နယ်ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအမျိုးသမီးညီလာခံကို ဂုဏ်ပြု ကြိုဆိုသောအားဖြင့် ယမန်နေ့နံနက် ၈နာရီခွဲကမြို့နယ်အမျိုးသမီးရေး ရာပါတီဝင်များစုပေါင်း၍ မကာရ လောပအကျော် မန်လည်ဆရာ တော်ရုပ်ကလာပ်တည်ရှိရာ မန် လည်ကျောင်းဝင်းအဝင်လမ်းကွန် ကရစ်ခင်းရာတွင် ဒေသခံရွာသူ ရွာသားများနှင့်အတူပါဝင်လုပ်အား ပေးဆောင်ရွက်ခဲ့ကြသည်။

ယင်းနောက်မန်လည်(တောင်) ရပ်နှင့် မန်လည်(မြောက်)ရပ်တွင် ဖွင့်လှစ်ထားသော ကလေးသူငယ် ပြုစုပျိုးထောင်ရေးဌာနများရှိ မူကြိုကလေးငယ် ၆၈ ဦးအား ဆန်ပြုတ်တိုက်ကျွေးခဲ့ကြပြီး မန် လည်ကျေးရွာ ဆရာတော်အား လှူဖွယ်ဝတ္ထုကပ်လှူခဲ့သည်။

အဆိုပါ အမျိုးသမီးလှုပ်ရှား မှုကိုခရိုင်ပါတီကော်မတီဝင်(မြို့ နယ်တာဝန်ခံ) ဦးဇော်လင်းထွေး၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေါ်သူသူဇင်နှင့် ကော်မတီဝင်များ၊ မြို့နယ်ပါတီအမျိုးသမီးရေးရာအဖွဲ့ ဝင်များ၊ မန်လည်ကျေးရွာ အမျိုး သမီးပါတီဝင်များ စုစုပေါင်းအင် အား၄၇ ဦးစုပေါင်းလှုပ်ရှားဆောင် ရွက်ခဲ့ကြသည်။