ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးစည်းဝေး

 

မင်းလှ အောက်တိုဘာ ၈

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မင်းလှမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်အဆင့် အမျိုးသမီး ညီလာခံအကြိုနှီးနှောဖလှယ်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအစည်း အဝေးကို ယမန်နေ့က ကျင်းပသည်။

အစည်းအဝေးတွင် သာယာဝတီခရိုင် ပြည်ခိုင်ဖြိုးပါတီအတွင်း ရေးမှူးဦးဇော်ဝေလင်းကဗဟိုအမျိုးသမီးညီလာခံအောင်မြင်စွာကျင်းပ နိုင်ရန်၊ ပါတီဝင်များစည်းလုံးစွာ ဆောင်ရွက်ကြရန်တိုက်တွန်းအမှာ စကားပြောကြားပြီး မြို့နယ်ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးထက်ဝင်းက ဗဟိုအမျိုးသမီးညီလာခံတွင်အခမ်းအနားအစီအစဉ် များကြိုတင်ဆောင်ရွက်ထားရှိမှုနှင့်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ အားဆွေးနွေးပြောကြားသည်။

အဆိုပါညီလာခံတွင်(၁)မြန်မာအမျိုးသမီးများနှင့် မြန်မာနိုင်ငံ ရေးအခန်း ကဏ္ဍမြှင့်တင်ရေး၊ (၂) အမျိုးသမီးများ၏ဘဝလုံခြုံမှု ငြိမ်းချမ်းသာယာမှုနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ (၃)အမျိုး သမီးထုအတွင်း အမျိုးဂုဏ်ဇာတိဂုဏ်ထိန်းသိမ်းရေး၊ အမျိုးသမီး များ၏အခွင့်အရေးကို ရိုးရာဓလေ့ထုံးစံနှင့်အညီ အကောင်အထည် ဖော်ဆောင်ရွက်ရေး၊ (၄)အမျိုးသမီးပါတီဝင်အသစ်များစုဆောင်း ရေးနှင့်၂ဝ၂ဝပြည့်နှစ်ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ပါတီဝင် အမျိုးသမီးများစဉ်ဆက်မပြတ်လေ့ကျင့်ပျိုးထောင်ပေးရေးအချက် များဖြင့်စာတမ်းခေါင်းစဉ်များ သတ်မှတ်ဆွေးနွေးမည်ဟု သိရ သည်။ ဗဟိုအမျိုးသမီးညီလာခံကို ယခုလ ၁၁ရက်တွင် မင်းလှမြို့ ပြည်ခိုင်ဖြိုးပါတီရုံး၌ ကဏ္ဍအသီးသီးတို့ဖြင့်ကျင်းပမည်ဖြစ် ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)