ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်တွင် အခြေခံကွန်ပျူတာသင်တန်းအမှတ်စဉ်(၂) ဖွင့်ပွဲကျင်းပ

 

နေပြည်တော် အောက်တိုဘာ ၁

နေပြည်တော်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဌာန ချုပ်ကွန်ပျူတာ သင်တန်းခန်းမ၌ ကွန်ပျူတာအခြေခံသင်တန်းအမှတ် စဉ်(၂)ဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီ ခွဲတွင် ကျင်းပခဲ့သည်။

ကွန်ပျူတာသင်တန်းဖွင့်ပွဲသို့ ဌာနချုပ်မှူးဦးသောင်းရွှေက တက် ရောက်အဖွင့်အမှာစကားပြောကြား ခဲ့သည်။ ထိုသို့ပြောကြားရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ၏ ပါတီဝင်များ၊ ရုံးလုပ်ငန်း ဦးစီးအဖွဲ့ဝင်များ၊ ပါတီစွမ်းဆောင် ရည်မြင့်မားရေးလုပ်ငန်းများတွင် ကွန်ပျူတာသင်တန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ကြောင်းနှင့် သင်တန်းသားသင်တန်းသူများအနေ ဖြင့်လည်း အလေးဂရုပြုမှတ်သား လေ့ကျင့်သွားရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

သင်တန်းဖွင့်ပွဲသို့ပါတီဌာန ချုပ်ဌာနမှူးဦးသောင်းရွှေနှင့် အတူ ဌာနမှူးများ၊ဒုဌာနမှူးများ၊ ဌာန တာဝန်ခံများနှင့် သင်တန်းသား ၁၅ ဦးတက်ရောက်ခဲ့သည်။

ရဲနန္ဒ