ဇွဲကပင်ဆရာတော်ထံသို့ ပါတီဌာနချုပ်မှ ဆန် ဆီ နဝကမ္မ အလှူငွေအား ကရင်ပြည်နယ်တာဝန်ခံသွားရောက်လှူဒါန်း

 

ဘားအံ စက်တင်ဘာ ၂၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ဗဟိုအလုပ်အမှုဆောင် ကရင်ပြည် နယ်တာဝန်ခံဦးသူရိန်ဇော်သည် ယမန်နေ့ နံနက်ပိုင်းက ဇွဲကပင်ဆရာတော်ထံသို့ ပါတီဌာနချုပ်မှလှူဒါန်းသော ဆန်အိတ်၊ ဆီပုံးနှင့် နဝကမ္မအလှူငွေများကို သွား ရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

လှူဒါန်းပွဲသို့ ပါတီဗဟိုအလုပ်အမှု ဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌဦးစောမြင့်ဦး နှင့်ကော်မတီဝင်များ၊ ခရိုင်ဥက္ကဋ္ဌ ခွန် အောင်ကျော်မိုးနှင့်ကော်မတီဝင်များ၊ မြို့ နယ်ဥက္ကဋ္ဌ ဦးစောစိန်ဝင်းနှင့်ကော်မတီဝင် များ၊ လူငယ်ကိုယ်စားလှယ် ၁၂ ဦး၊ အမျိုး သမီး ရေးရာကိုယ်စားလှယ် ၁၇ ဦးနှင့် ပါတီဝင်များ စုစုပေါင်း ၈၅ဦးတက်ရောက် ခဲ့ကြောင်း သိရသည်။