တိုင်းပြည်အတွက် လုပ်အားချင်း သစ္စာတရားခြင်းပြိုင်မည်ဟု သပိတ်ကျင်းမြို့နယ်(၆)မိုင်ကျေးရွာတွင် ကျင်းပသည့် လူထုတွေ့ဆုံပွဲ အခမ်းအနားတွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦသန်းဌေးပြော
သပိတ်ကျင်း၊ စက်တင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်၊(၆)မိုင်ကျေးရွာ၊(၆)မိုင်ကွင်းတွင် ယနေ့ စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် ကျင်းပသော ၂၀၁၈ခုနှစ်ကြားဖြတ်ရွေး ကောက်ပွဲ အောင်နိုင်ရေး လူထုတွေ့ဆုံပွဲအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး တက်ရောက်အမှာစကားပြောကြားစဉ် ထည့်သွင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။
အခမ်းအနားအား နိုင်ငံတော်အလံအား အလေးပြု၍ နိုင်ငံ တော်သီချင်း သံပြိုင်သီဆိုဖွင့်လှစ်ပြီးနောက် ၂၀၁၈ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီအား ကိုယ် စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်မည့် သပိတ်ကျင်းမြို့နယ်၊မဲဆန္ဒနယ်အမှတ်(၁)၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းဦးမြင့်စိုးနှင့်ရှမ်းတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်လောင်းဦစိုင်းအောင်ကြည်တို့အား မဲဆန္ဒရှင်ပြည်သူလူထုထံ မိတ်ဆက်၍ ၎င်း၏ကိုယ်ရေးအကျဉ်း အား တွဲဖက်အခမ်းအနားမှူးမှ ဖတ်ကြားပေးခဲ့သည်။
ဆက်လက်၍ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ” ဒီကနေ့ ကျွန်တော်တို့က အစိုးရမဟုတ်တော့ဘူး။ အတိုက်အခံပါတီဖြစ်တယ်။ ကျွန်တော်ပြည်သူလူထုနဲ့တွေ့တိုင်း ပါတီဝင်တွေနဲ့တွေ့တိုင်း ကျွန်တော်တို့ပါတီဟာ အတိုက်အခံပါတီမဟုတ်ပါ။ ပြိုင်ဘက်ပါတီဖြစ်တယ်။ ဘာတွေပြိုင်မလည်း။ တိုင်းပြည်အတွက် ဘာတွေပြိုင်လုပ်မှာလည်း။ တိုင်းပြည်ပေါ်မှာထားတဲ့ သစ္စာတရားပြိုင်မယ်။ လုပ်အားခြင်းပြိုင်မယ်။ စေတနာခြင်း ပြိုင်မယ်။အဲ့ဒါ ကျွန်တော်တို့ သဘောထားတဲ့ ပြိုင်ဘက်ပါတီရဲ့ သဘောထားပါဘဲ” ဟု နှုတ် ခွန်းဆက်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
ယင်းနောက် ပါတီကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မည့် သပိတ်ကျင်းမြို့နယ်၊မဲဆန္ဒနယ်အမှတ်(၁)၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းဦးမြင့်စိုးနှင့်ရှမ်းတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်လောင်းဦးစိုင်းအောင်ကြည်တို့မှ မိတ်ဆက်စ ကား ပြောကြားခဲ့ကာ အခမ်းအနားအား ကြွေးကြော်သံများဖြင့် အောင်မြင်စွာရုပ်သိမ်းခဲ့သည်။
ယနေ့ကျင်းပသော အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ
ဦးသန်းဌေးနှင့်အတူ ပါတီအထွေထွေအတွင်းရေးမှူးဦး သက်နိုင်ဝင်း၊ပါတီဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသော မန္တလေးတိုင်းဒေသကြီးနယ် မြေတာဝန်ခံဦးဝဏ္ဏမောင်လွင်၊မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌဦးဝင်းမောင်၊တိုင်းဒေသကြီးပါတီအတွင်းရေးမှူးဦးအောင်ကျော်မိုး၊တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ပြင်ဦးလွင်ခရိုင်ပါတီဥက္ကဋ္ဌဦးဝင်းကြည်နှင်ခရိုင်ပါတီကော်တီဝင်များ၊ရှမ်းတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်လောင်းဦးစိုင်းအောင်ကြည်၊သပိတ်ကျင်းမြို့နယ်ပါတီဥက္ကဋ္ဌဦးထွန်းတင့်နှင့်မြို့နယ်ပါတီ ကော်မတီဝင်များ၊ပါတီဝင်များနှင့်ပါတီကို ထောက်ခံအားပေးသောမဲဆန္ဒရှင်ပြည်သူများ အပါအဝင် စုစုပေါင်း ၂၀၀၀ ဦး တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။