ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်နှင့် မြို့နယ်ပါတီအဖွဲ့တို့ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေး

 

အုတ်တွင်း သြဂုတ် ၁၄

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ် အမှုဆောင် ပဲခူးတိုင်းဒေသကြီး တွဲဖက်တာဝန်ခံ ဦးလှသိန်းသည် တိုင်းအတွင်းရေးမှူးဦးညီညီမြင့်နှင့် တိုင်းကော်မတီဝင်များ၊ တောင်ငူ ခရိုင် ပြည်ခိုင်ဖြိုးပါတီအတွင်းရေး မှူး ဦးလှဆွေတို့ လိုက်ပါလျက် အုတ်တွင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံး၌ယမန်နေ့ ညနေ၅နာရီက မြို့ နယ်ပါတီဥက္ကဋ္ဌ ဦးလွင်မင်းသိန်း နှင့် မြို့နယ်ကော်မတီဝင်များအား တွေ့ဆုံကာ ပါတီ၏ရှေ့လုပ်ငန်းစဉ် များ၊ လက်ရှိနိုင်ငံရေးအခြေအနေ များကို ရှင်းလင်းပြောကြား ဆွေး နွေးခဲ့ကြသည့်အပြင် မြို့နယ်ကော် မတီဝင်များ၏ တင်ပြချက်များကို လည်း ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

တင်စိုး(ပဲခူး)