မြက်ခင်းတုကွင်းမှာ ကစားသမားတွေဒဏ်ရာရမှာကို စိုးရိမ်ခဲ့ဟု မော်ရင်ညိုဝန်ခံ

မန်ယူနည်းပြမော်ရင်ညိုက ယန်းဘွိုင်းစ်ကို (၃)ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်ပြီးနောက် မြက်ခင်းတုကွင်းမှာ သူ့ကစားသမားတွေဒဏ်ရာရမှာကို စိုးရိမ်ခဲ့တယ်လို့ ၀န်ခံခဲ့ပါတယ်။

ဒါ့အပြင် မော်ရင်ညိုက မြက်ခင်းတုကွင်းတွေဟာ ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ သင့်တော်မှု မရှိဘူးလို့လည်း ဆိုခဲ့ပါတယ်။ မန်ယူနည်းပြမော်ရင်ညိုက “ဒဏ်ရာရမှာကို စိုးရိမ်ခဲ့ပါတယ်။ အင်္ဂါနေ့လေ့ကျင့်ခန်း အစီအစဉ်ပြီးတဲ့နောက် ကစားသမားတွေရဲ့ ဒူးနဲ့ ခြေချင်းဝတ်တွေ နာကျင်ခဲ့ပါတယ်။ ဒီလိုကွင်းတွေမှာ ကစားရတာမလွယ်ပါဘူး။ ဘာကြောင့် မြက်ခင်းတုကွင်းတွေကို ဥရောပအကောင်းဆုံးပြိုင်ပွဲမှာ ကစားခိုင်းလဲဆိုတာ ကျွန်တော် နားမလည်ပါဘူး” လို့ ပြောခဲ့ပါတယ်။ ဆက်လက်ပြီး မော်ရင်ညိုက ယန်းဘွိုင်းစ်နဲ့ပွဲမှာ ကိုယ်တိုင်(၂)ဂိုးသွင်းခဲ့တဲ့ အပြင် တစ်ကြိမ်ဖန်တီးနိုင်ခဲ့တဲ့ ကွင်းလယ်လူပေါ့ဘာကို ချီးကျူးခဲ့ပါတယ်။

-Ref; Sky sports