ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် မကွေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌပါတီဆိုင်းဘုတ်တင်ပွဲအခမ်းအနားသို့ တက်ရောက် နှုတ်ခွန်းဆက်စကားပြောကြား

 

မင်းဘူး(စကု) သြဂုတ် ၂၉

မကွေးတိုင်းဒေသကြီးမင်းဘူး (စကု)မြို့နယ် မယ်ဘေ့ကုန်းကျေး ရွာအုပ်စု ပါတီဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီ မိနစ် ၂ဝ က မယ်ဘေ့ကုန်း ကျေးရွာရှိ ကျေးရွာပါတီဥက္ကဋ္ဌ နေအိမ်၌ ပြုလုပ်ခဲ့ရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟို အလုပ်အမှုဆောင် မကွေးတိုင်း ဒေသကြီး ပါတီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်ဌေး၊ တိုင်းဒေသကြီး ပါတီကော်မတီဝင်များ ဖြစ်ကြ သော ဦးဟန်မောင်၊ ဦးအောင်နိုင်၊ တိုင်းဒေသကြီးအရန်ကော်မတီဝင် ဦးထွန်းရှိန်၊ မင်းဘူးခရိုင် ပါတီ အတွင်းရေးမှူး ဦးစိန်ရွှေမင်းနှင့် ခရိုင်ပါတီကော်မတီဝင်များ၊မင်းဘူး မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကျော်ဝင်း မြင့်၊ အတွင်းရေးမှူး ဒေါ်စပယ် မင်းနှင့် မြို့နယ်ပါတီကော်မတီဝင် များ၊ ပါတီဝင်များ စုစုပေါင်း ၂ဝဝ တက်ရောက်ခဲ့ကြောင်း သိရသည်။

မင်းဇော်(မကွေး)